Act Three

10.3K 1.4K 72
                                    


နာမည်တောင်မသိခဲ့ရသည့် သူတစ်ယောက်က Luhan
၏ အိမ်ထောင်ဖက်ပါတဲ့လေ။

ဒီစကားက ဆယ့်ခုနှစ်နှစ်အရွယ်ကျောင်းသား
တစ်ယောက် အဖို့ သိပ်ကိုထိတ်လန့်စရာကောင်းနေ
ခဲ့သည်။

မှတ်ဥာဏ်ထဲမှာ လုံးဝရှိမနေသည့်သူက သူနှင့်သက်ဆိုင်
သူ ။ ပိုဆိုးသည်က ယောက်ျားသားတစ်ယောက်။

ထိုအမျိုးသားဆီက အဲ့ဒီအကြောင်းကို သိသိပြီးချင်းမှာ
Luhan ထွက်ပြေးပစ်ခဲ့သည်။ ကံကောင်းထောက်မလို့
ထိုသူက သူ့နောက်လိုက်မလာခဲ့တော့။ သို့ပေမဲ့လဲ
Luhan အိမ်ကြီးတအိမ်၏ ကားဂိုဒေါင်ရှေ့မှာ ငုတ်
တုတ်ထိုင်ချကာပုန်းနေပစ်ခဲ့သည်။

အိမ်သို့လဲမပြန်ရဲပါတော့ပဲ Luhan ထိုနေရာမှာ
သောင်တင်နေခဲ့သည်မှာ အချိန်တော်တော်ကြာကြာ။

ညနေစောင်းလို့ နေချိုတော့လေမှ Luhan မတ်တပ်
ထရပ်ဖြစ်သည်။ အထိုင်များသွား၍ ကျင်နေသည့်ဒူးခေါင်း
များကြောင့် သူတဖန်ပြန်ကွေးညွှတ်ကျရပြန်သည်။
ညောင်းညာနေသည့် ဒူးနေရာများကို သာသာထုလို့
Luhan အိမ်ဖက် မဝံ့မရဲပြန်လာသည်။

မျက်လုံးထဲရင်းနှီးသွားသည့် ကားနက်ကြီးမရှိတော့လေမှ
Luhan အိမ်ထဲပြေးဝင်ပါသည်။Luhanပြန်လာသည်ကို မေမေသိသွားမည်ဆိုးသဖြင့် အိမ်ထဲရောက်သည့်အခါ
ခြေသံလုံလုံလေးထောက်လို့ အိမ်ပေါ်တက်သည်။

မီးဗိုခန်းထဲကထမင်းစားပွဲပေါ်မှာ အုပ်ဆောင်းဖြင့်အုပ်ထား
သည့်စားစရာများကိုမြင်ပါသော်လည်း မေမေ့ကိုစိတ်ဆိုး
ချင်နေသည့်Luhanသည် ထိုစားစရာများကိုမစားချင်ပါ။

အိမ်အပေါ်ထပ်ရှိ ကိုယ်ပိုင်အခန်းသို့ပြန်ရောက်မှပင်
Luhan သက်ပြင်းချရသည်။

လျှပ်စစ်မီးအရံသင့်ဖွင့်ထားကာ လင်းနေသော Luhan
အခန်း၏ စားပွဲပေါ်တွင် စာရွက်တချို့ကိုတွေ့ရလေသည်။

State of California ခေါင်းစီးပါသည့် စာရွက်ပေါ်
တွင် Luhan နာမည်နှင့် Luhanမသိပါသည့်
အမျိုးသားတစ်ယောက်၏နာမည်ကိုတွေ့လိုက်ရသည်။
ထို့နောက် ဓာတ်ပုံတစ်ပုံ။ မင်္ဂလာအခမ်းအနားတစ်ခု
ပုံ ဖြစ်ပြီး ထူးခြားနေသည်ကသတို့သားနှစ်ယောက်ဖြစ်
နေသည့်ပုံ။

The years I have loved him Where stories live. Discover now