Act Twenty-six

8K 1.1K 196
                                    

ပိတ်ရက်ရှည်များအတွက် Sehunက အလုပ်တွေဖြတ်
နေပြီဖြစ်လို့ ဒီရက်ပိုင်းတွေမှာ အလုပ်များနေခဲ့သည်။
သို့သော်လည်း Luhanနှင့်မျက်နှာချင်းဆိုင်လိုက်ပြီဆို
သည်နှင့် Sehunကသူ့အလုပ်များကိုနားထားပြီး Luhan့
အပေါ်မှာပင် အာရုံအပြည့်အဝစိုက်ထားလေ့ရှိပါသည်။

"နောက်တပတ်ကျ ကလေးတွေကိုလက်ဆောင်ပေးတော့
မယ်မလား ? ကိုယ်မနက်ဖြန် ကွက်ကီးတွေလုပ်ပေးမယ်
လေ"

"Sehunကအားပြီလားဟင်"

ညာဘက်နားက ဖုန်းကို ဘယ်ဘက်ကိုရွှေ့လိုက်ပြီး
Luhanကဆိုသည်။ ထို့နောက် အန်တီလီ မီးပူတိုက်ပေး
ပြီးချထားသည့် Sehun၏အဝတ်ခြင်းကို လက်တဖက်
ဖြင့်ပိုက်ကာ အပေါ်ထပ်သို့တက်ခဲ့သည်။

နေ့လည်စာစားပြီးကာစအချိန်ဖြစ်၍ လမ်းလျှောက်
မကောင်းပါပဲ ဗိုက်ကတည်တင်းနေသည်။ Luhan အပေါ်
ထပ်သို့ရောက်သည့်အခါ အဝတ်ခန်းထဲသွားပြီး Sehun
အင်္ကျီတွေကိုချိတ်ဖြင့်သေချာချိတ်လို့ ဗီဒိုထဲထည့်ပေး
သည်။

"Sehunကိုတာဝန်မပိုစေချင်ဘူး"

"အားနာနေစရာလား ခင်ဗျားရယ် ကိုယ်စိတ်မကောင်း
အောင်ပြောနေတော့တာပါပဲ"

"အယ် မဟုတ်ဘူးလေ "

အဝတ်တောင်းကိုပင်အောက်ချမိပြီး Luhan ကပျာ
ကယာငြင်းဆန်မိသည်။ Luhan၏ ပျာပျာသလဲဖြစ်သွား
မှုမှာ ဖုန်းတဖက်ကSehunမှာ ခပ်တိုးတိုးရယ်လာလေ
သည်။

"ကိုယ် ခင်ဗျားကိုနောက်တာပါ တကယ်ပြောတာ
ကိုယ် အလုပ်တွေပါးသွားပြီ ဒီရက်ပိုင်းအားပြီ"

"ဒါဆို ညနေဈေးဝယ်သွားရင် ကျွန်တော်ပါလိုက်မယ်
နော်"

"လိုက်စေဗျာ"

"ပီဇာဝယ်ကျွေး"

ဝိတ်လျှော့မည်ဆိုသောကောင်ကလေးသည် အစားလျှော့
စားဖို့ကိုစိတ်ဝင်စားခြင်းရှိဟန်မတူတော့။ Sehunမှာတော့
Luhan ကိုယ်နည်းနည်းပြည့်လာသည့်ကိစ္စနှင့်ပတ်
သတ်ပြီး Luhanနေရထိုင်ရကျပ်နေမည်ဆိုးပါသဖြင့်
အစားအသောက် အနေအထိုင်ကို မသိမသာလေးပြင်
ဆင်ပေးမိသည်။

မနက်စာကို ဂျုံလျှော့ပြီး အသီးအရွက်အပြုတ်၊ အကြော်၊
အသုတ်နှင့်ဂျုံကြမ်းပေါင်မုန့်ပြင်ဆင်ကျွေးတာမျိုး။
ပိတ်ရက်တွေမှာ အိမ်သန့်ရှင်းရေးအတူလုပ်ခြင်းဖြင့်
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဖြစ်စေတာမျိုး။
ညစာပြီးပြီးချင်း ကုတင်ပေါ်တန်းမလှဲစေပဲ စာရေးစားပွဲမှာ စကားထိုင်ပြောပေးတာမျိုး စသည်ဖြင့် နေထိုင်မှုပုံစံ
ကိုပြင်ဆင်ပေးဖြစ်သည်။

The years I have loved him Where stories live. Discover now