Act Thirty-seven

7.2K 1.1K 174
                                    

ဆူညံနေခဲ့သည့် ဝန်းကျင်သည် တိတ်ဆိတ်ကျသွားခဲ့ပြီ။

ကျောင်းဝင်း၏ပွဲတည်ရှိရာဧရိယာတွင် တစထက်တစ် ပို
မို၍ လူသူအသွားအလာလှုပ်ရှားမှုနည်းလာခဲ့သည်။

လမ်းဘေးပလပ်ဖောင်းတွင်ငုတ်တုတ်ထိုင်နေပြီး Luhan
တိတ်ဆိတ်နေခဲ့တာက နာရီဝက်၊ တစ်နာရီ ၊ နှစ်နာရီ
နောက်ပြီးတော့ သုံးနာရီတိတိဖြစ်သည်။

ခြေလှမ်းငါးလှမ်းကျော်အကွာလောက်မှာပင် ထိုင်နေခဲ့
သည့် Sehunသည် ထိုသို့သောLuhanကို မမှိတ်မသုန်
ကြည့်နေခဲ့သည်။

Luhanက ပြန်တော့ဟု ပြောခဲ့ပါသည်။ သို့သော်
Sehun ထိုအခြေအနေနှင့်Luhanကို ဘယ်လိုလုပ်
တစ်ယောက်တည်း ထားခဲ့ရက်နိုင်မှာလဲ ?

နံဘေးနားတွင် ဖြစ်ကတတ်ဆန်းချထားသည့် ဖုန်းကို
ခေါ်ဆိုသူက တဦးတည်းသာရှိခဲ့သည်။ Sehunသည်
ဖုန်းမျက်နှာပြင်၌ပေါ်နေသည့် ထိုအမျိုးသမီး၏နာမည်ကို
ကြည့်ချင်စိတ်ကင်းမဲ့နေခဲ့ပြီး Luhanက ဂရုပင်မထားခဲ့။

အချိန်တွေကုန်လွန်လာပြီး နေ့အလင်းရောင်ကုန်လာ
ခဲ့သည်။ ဆိုင်သိမ်းပြီးသွားကြပြီး အိမ်ပြန်ကြပြီဖြစ်သော
ကျောင်းသားများက လမ်းမထက်မှာအလျှိုလျှို။

တဖျတ်ဖျတ်ပွင့်လာသည့် လျှပ်စစ်မီးတိုင်တွေ၏နောက်
မှာ Luhan၏ ရယ်မောသံသဲ့သဲ့ကို Sehunက နားနှင့်
ဆတ်ဆတ်ကြားခဲ့လိုက်သည်။

Luhanသည် ရယ်လျက်ပင် ခေါ်ဆိုသူရှိနေသေးသည့်
ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီးမတ်တပ်ထရပ်
သည်။ ထို့နောက် မလှမ်းမကမ်းမှာထိုင်နေဆဲဖြစ်သည့်
Sehunနှင့်အကြည့်ချင်းဆုံသွားပြီး

"Sehun မင်းအခုထိမပြန်သေးဘူးလား ?"

Luhan ၏ပါးပေါ်တွင် မျက်ရည်တွေမရှိတော့။
မျက်လုံးထဲတွင် မျက်ရည်တွေမရှိတော့။ နာကြည်းရိပ်
တွေမရှိတော့။ ကြေကွဲရိပ်တွေမရှိတော့။

Sehun သက်ပြင်းချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် Luhanနားလျှောက်သွားကာ

"ခင်ဗျားကိုစောင့်နေတာ အတူတူပြန်မလို့"

"နောက်တောင်ကျနေပြီ ပြန်ကြမယ်လေ"

The years I have loved him Where stories live. Discover now