Act Thirty-eight

7.1K 1.2K 268
                                    

Luhan သည် ခံနိုင်ရည်ရှိလွန်းသည်။ တစ်ရက်မှ နှစ်
ရက်၊ နှစ်ရက်မှ တပတ်ခန့်ကြာသည့်အချိန်တွင် Lee ShiYeonသည် သူ၏ဘဝထဲတွင် ဘယ်တုန်းကမှရှိမနေ
ခဲ့ဖူးသည့်လူတစ်ယောက်လို သဘောထားနိုင်သွားသည်
ထင်သည်။

မျက်ဝန်းတွေထဲဝမ်းနည်းသည့်အရိပ်အယောင်တွေ
မရှိသလို ကြေကွဲနေသည့်အရိပ်အယောင်တွေလည်းမရှိ
တော့။ ပုံမှန်နေ့တနေ့ကို ပုံမှန် အဆင်ပြေပြေဖြတ်သန်း
နေသည့်သူတစ်ယောက်လိုပင် အသံတိတ် ပြိုလဲနေရခြင်း
တွေလဲမရှိတော့။

Luhanအနေနဲ့ချစ်ခဲ့ရသည့် သူတစ်ယောက်ကို မေ့
ပစ်ဖို့ ထိုသို့ အင်မတန် လွယ်ကူလွန်းသည်ထင်သည်။

အဝေးမှာရောက်နေသည့် Yi Xingသည် Luhanကို
စိတ်ပူလွန်းစွာဖုန်းဆက်သည်။ သူကိုယ်၌ကပင်Yi Xing
ကိုပြန်လည်ဖျောင်းဖျပြောဆိုပြီး အရေးမပါသည့်သူ
တစ်ယောက်အတွက် အချိန်တွေအကုန်ခံကာဒေါသ
မထွက်တော့ဖို့ပြောခဲ့သည်။

ပုံမှန်အတိုင်းဖြစ်သွားပါသော်လည်းကျောင်းရှိအတန်း
အတွက် ခွင့်ယူထားသည့်Luhanသည် နေ့တိုင်းလိုလို
အိမ်ထဲကအိမ်ပြင်မထွက်ပဲ ပန်းချီခန်းထဲမှာပင်သောင်
တင်နေတုန်းဖြစ်သည်။ ပြိုင်ပွဲဝင်ပန်းချီကားကိုဖြင့်
Jun Myeon၏အကူအညီဖြင့် Sehunက ပြခန်းဆီသို့
ရောက်အောင်ပို့ပေးခဲ့သည်။ Luhanက ပန်းချီခန်းထဲ
ကိုယ့်ကိုကိုယ်ပိတ်ထားတုန်းပင်။

တခါမှတ်သွားသည့် Sehunက Luhanကို တစ်ယောက်
တည်းပစ်ထားတာတွေမလုပ်တော့ပါ။ တံခါးအမြဲပိတ်ထားသည့်တိုင် သူ့ကိုပေးထားပြီးဖြစ်သည့်သော့ဖြင့် အမြဲဝင်
သည်။ မနက်စာပြင်သည်။ Luhanကိုအခန်းထဲကဆွဲ
ထုတ်သည်။ အတန်းပြေးတက်ပြီး နေ့လည်ဆိုပြန်လာ
သည်။ ဝယ်လာသည့်နေ့လည်စာကို ပြင်သည်။ အခန်းထဲ
ရောက်နေပြန်သည့် Luhanကိုထပ်ဆွဲထုတ်သည်။

"ငါ သော့ပြန်သိမ်းတော့မယ် မင်းပေးတော့"

"ရတယ်လေ ကိုယ် သော့ကို ပွားထားပြီသား ပြဿနာ
မရှိဘူး"

"Oh Se Hun"

ပြော၍ဆို၍မနိုင်တော့သည်နှယ် Luhanက လွှတ်ထား
လိုက်တော့သည်။ Sehunသည် ခေါင်းမာမာဖြင့် Luhan
အခန်းကိုဝင်ထွက်သွားလာနေတုန်းပင်ဖြစ်သည်။

The years I have loved him Where stories live. Discover now