Act Seven

9.2K 1.3K 112
                                    

ပတ်ဝန်းကျင်နဲ့မြန်မြန်ဆန်ဆန်ပဲနေသားကျလာသည့်
Luhanအတွက် တနေ့တနေ့ပျင်းရိနေရခြင်းမှလွဲ အရာ
အားလုံးကအဆင်ပြေပြေနှင့်ရှိနေခဲ့သည်။

Sehun ဆိုသည့် အနားယူစေလိုခြင်းတွင် Luhan
လုပ်နေသည်က အိပ်လိုက် စားလိုက် စားလိုက် အိပ်
လိုက်သာ လုံးချာလည်လိုက်နေသဖြင့် ဖြူဖွေးဖွေး
ဗိုက်သားလေးမှာအဆီလေးတွေပင်စုလာရပြီ။

တနေ့နေ့ပျင်းပါကြောင်းကိုလည်း Sehunသိအောင်
မသိမသာတမျိုး၊ သိသိသာသာတဖုံ ပြသရပါသေးသည်။

သို့ပါသော်လည်း ထိုလူကြီးက Luhan့ကိုထားထားပြီး
အလုပ်သို့ထွက်ထွက်သွားမြဲ။

လုပ်စရာမရှိသည့်အကောင်ငယ်လေးက အပေါ်ထပ်
တထပ်လုံးမွှေကာအလုပ်ခန်းသော့ရှာပုံတော်ဖွင့်သေး
သော်လည်း မတွေ့။ အလုပ်ခန်းထဲဝင်ရလျှင်တော့ သူ
တခုခုရှာဖွေပြီးနေနေလို့ရသေးသည်လေ။

သော့ရှာမတွေ့ပြန်တော့လည်း ဒုံရင်းကဒုံရင်း အပျင်း
ဘူတာသို့သာဆိုက်သည်။ တအိမ်လုံးကိုလျှောက်သွားပြီး
နံရံကပန်းချီများကိုအကြာကြီးစိုက်ကြည့်လိုက်၊ ဥယျာဉ်
ထဲသွားပြီး ပန်းတွေကြားထိုင်နေလိုက်လုပ်နေလိုက်
သည်။

"အစ်ကိုလေး … အဆာပြေမုန့်လေးစားချင်သေးလား ?"

လူကနှင်းဆီခြုံတွေကြားရောက်နေသည့်အချိန် အန်တီ
လီကအနားရောက်လာသည်။ Luhan ကိုယ့်ဗိုက်ခေါက်
ကိုယ်ပြန်ကိုင်ကြည့်ကာ ခေါင်းခါပြလိုက်ပြီး နှင်းဆီပန်း
တွေကိုသာငေးနေလေ၏။

"ကျွန်တော်ကြားတာက ဒီပန်းတွေအတွက် ဥယျာဉ်မှူး
ရှိတယ်ဆို မတွေ့မိပါလား အန်တီလီ"

Sehun ပြောဖူးသည့် Juliet Roseတွေကိုစိုက်ဖို့
ဥယျာဉ်မှူးငှားဖူးသည်ဆိုတာကို Luhan သတိရသွား
ပြီးမေးလိုက်သည်။ ထိုဥယျာဉ်မှူးရှိလျှင် ဒီပန်းတွေ
အကြောင်း စကားစမြည်ပြောလို့ သူအပျင်းပြေမည်ထင်
သည်။

"James ကိုပြောတာထင်တယ် ဒီနှင်းဆီတွေစစိုက်မယ်
ဆိုတုန်းကတော့ Jamesကိုပါ ဆရာလေးငှားလိုက်တာ
လန်ဒန်ကလေ။ စိုက်နေတဲ့အချိန်ကနေ ပွင့်လာတဲ့အချိန်
ထိ ဆရာလေးကလည်း နောက်ကလိုက်ကြည့်နေပြီး
သင်ထားလိုက်တော့နောက်ရာသီကျ Jamesကို
မလိုတော့ဘူးလေ ။ ဒီဥယျာဉ်တစ်ခုလုံးက ဆရာလေး
လက်နဲ့ပြီးထားတာလို့တောင်ပြောလို့ရတယ်
အစ်ကိုလေးရဲ့"

The years I have loved him Where stories live. Discover now