All I want for Christmas is U

2.2K 296 62
                                    

Santa Claus ကို ယုံကြည်တာ ကလေးတွေပဲ
ရှိတယ်ဆိုရင် .... ကိုယ် ပြန်ငယ်သွားလိုက်မယ်။
ခင်ဗျား ကို ကိုယ်က အမြဲတမ်းချစ်ခွင့်ရနိုင်ပါစေ
ဆိုတဲ့ လက်ဆောင်မွန် ကို Santa ဆီက
မျက်စိစုံမှိတ်လို့တောင်းမယ်။

..................................

၂၀၁၈ ခုနှစ်၏ ခရစ်စမတ်ကာလသည် အရင်နှစ်
တွေကအတိုင်း အေးခဲစွာ ၊ စည်ကားစွာ ၊ လှပစွာ
ရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။

နှင်းခဲနေသည့် လမ်းမကြီးထက်တွင် လက်ချင်း
တွဲလို့လျှောက်သွားနေသည့်သူများ အရင်လို များနေဆဲ။ ချောကလက်ပူပူ နှင့် နို့နံသင်းသည့် ကွတ်
ကီး ရနံ့ ၊ အေးမြသည့်နှင်းစက်အတွေ့နှင့် ခရစ်
စမတ်ခေါင်းလောင်းသံချိုချို ၊

ခရစ်စမတ်နှင့်ပတ်သက်သည့်အရာအားလုံးဟာလွန်ခဲ့သည့်နှစ်များစွာက တည်ရှိခဲ့သည့်အတိုင်း
သာယာစွာ လှပစွာ ရုပ်လုံးကြွလာခဲ့ပြီဖြစ်သည်။

သာမာန်ရိုးကျဖြစ်တည်နေသည့် အရာအားလုံး
ကို ဖယ်ချပစ်နိုင်လောက်သည်အထိ ဒီနှစ်အတွက် ထူးခြားဆန်းကြယ်မှုသည်ကား Sehun ၏ လက်မောင်းထက်တွင် ရှိလို့နေခဲ့ပါသည်။

ဟုတ်သည်။ ဒီနှစ်က .... Sehun နှင့် Luhan လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ် အတူတူ
ရှိနေနိုင်မည့် ခရစ်စမတ်ကာလဖြစ်သည်။

သူ၏လက်မောင်းထက်တွင် ငြိမ်အေးစွာ အိမ်
မောကျနေသည့် ချစ်ရသူကို Sehun သည် တစိမ့်
စိမ့်ကြည့်လို့မဝနိုင်ဖြစ်နေသည်။

မြတ်နိုးရသည့် ထိုသူ၏ မျက်နှာလေးကို အချိန်
တိုင်းမြင်ခွင့်ရနိုင်သည့်နေ့မှစ၍ Sehun အတွက်
ရိုးမသွားနိုင်ခြင်းသည် တစိမ့်စိမ့်ကြည့်လို့ ရင်ခုန်
သံတွေ တသိမ့်သိမ့်နွေးထွေးရခြင်းဖြစ်သည်။

ဆံနွယ်ညိုများအပြိုပြိုအပျက်ပျက်လဲကျနေ
သည့် နဖူးပြင်ကို သူ့မှာချစ်ရသည်။
ထူထပ်စွာကော့ညွှတ်နေသည့်မျက်တောင်တွေကို
သူ့မှာချစ်ရသည်။
ကာထားသည့် မျက်ခွံအောက်က သူ့ကိုပဲကြည့်နေမည့် မျက်ဝန်းကြည်တောက်တောက်တွေ ၊ ပြေပြေလေးတည်ဆင်းနေသည့်နှာတံ၊ နို့နှစ်ရောင်ပါးပြင်နုနု၊ ဆေးမကူသည့် နှုတ်ခမ်းနုနု
သူ့မှာ အတိုင်းအဆမဲ့ချစ်ရသည်။

The years I have loved him Where stories live. Discover now