Act Forty-nine

8.1K 1.1K 208
                                    

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ကျင်းပသည့် ဘုရားကျောင်းမှ မင်္ဂလာပွဲတစ်ခုသို့ Sehun နှင့် Luhan ရောက်ဖြစ်
ခဲ့ကြသည်။

အဖြူရောင်ပန်းခြောက်များနှင့်အလှဆင်ထားသည့် အပြင်
အဆင်သည် စိတ်နှလုံးကြည်နူးမှုကိုပေးသည်။

ပွဲမစခင် သတို့သမီး နားနေခန်းသို့သွားပြီး နှုတ်ဆက်ကြ
သည့်အခါ ShiYeonမှ မျက်ရည်ဝဲမတတ်ပြုံးသည်။

"ShiYeon "

အေးအေးဆေးဆေးစကားပြော၍ရအောင် Sehun
ထွက်သွားပေးသည့်အခါ Luhan တယောက် ShiYeonဘေးနား၌ ကပ်ထိုင်လိုက်ပြီး အမျိုးသမီးလေး ၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်ပေးလိုက်သည်။

"ပျော်ပျော်ရွှင်ရွှင်နေရမယ်နော် သိပြီလား ညီမလေး"

ဘာပဲဖြစ်ဖြစ် Lee ShiYeonသည် သူနှင့် Yi Xing
တို့၏ အခင်မင်ရဆုံးသော သူငယ်ချင်းကောင်မလေးဖြစ်
ခဲ့သည်ပဲ။ ဖြစ်နေဦးမှာပါပဲ။ သူမသိတော့သည့် အတိတ်
အတွက် အမုန်းတရားတွေကို Luhan ခံစားမနေချင်
တော့။

"ဟိုကောင်လဲ လာမှာပါ"

"အင်း......ကျေးဇူးတင်ပါတယ် Luhan"

"မလိုပါဘူးကွာ"

နားနေခန်းထဲမှ ထွက်လာပြီး ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်
နေသည့် Sehun ဆီကိုလျှောက်သွားလိုက်သည်။

ဘေးနားယှဉ်ရပ်လျက် လက်မောင်းကို လက်ညှိုးဖြင့် သာ
သာတို့ထိလိုက်သည့်အခါ စောင်းငဲ့ကြည့်လို့ ပြုံးပြလာခဲ့
သည်။

လူသူရှင်းသည့် နေရာတွင်မတ်တပ်ရပ်နေခဲ့ကြတာဖြစ်
ပြီး Sehun က ဘေးချထားသည့် Luhanလက်လေး
ကိုကောက်တွဲကာ လက်ချောင်းချင်းယှက်လို့ ဆုပ်ကိုင်
လိုက်သည်။

"ကိုယ်တို့လက်ထပ်ကြတုန်းက ခင်ဗျားမေမေရယ်
အစ်ကိုJun ရယ် စီနီယာ Yi Xingရယ် နောက် ကိုယ် တို့မိသားစုရှေ့နေမင်ရယ် ဒီလူတွေပဲရှိတယ် အစ်ကို
Minseokက နိုင်ငံခြားရောက်နေလို့ မလာနိုင်ခဲ့ဘူး"

"အင်း......"

ဘုရားကျောင်းဝင်းထဲသို့ တဖွဲဖွဲဝင်လာသည့် လူအများ
ကိုကြည့်ပြီး Sehunက ပြောသည်။ လက်ချောင်းချင်း
ယှက်တွဲထားသည်ကို Luhan တင်းကျပ်စွာပြန်လည်
ဆုပ်ကိုင်လိုက်ပြီး Sehun ဘက်သို့တိုးကာ ပခုံးချင်း
ထိစပ်လိုက်သည့်နောက် Sehunကငုံ့ကြည့်လာပြီး ပြုံး
သည်။

The years I have loved him Where stories live. Discover now