Act Twenty-five

7.2K 1.1K 132
                                    

"ShiYeon ? Lee ShiYeonလား ?"

Luhanဆီမှ ပြန်ဖြေစကားကြားရသည့်နောက်မှာ
Yi Xingကဖုန်းကိုဆွဲလုပြီး စပီကာဖွင့်လို့စားပွဲပေါ်တင်
လိုက်ပါသည်။ ဖုန်းစားပွဲပေါ်တင်လိုက်ပြီးပြီးချင်းမှာပင်
တဖက်ကနေ

"Luhan နင် ငါ့ကိုပါ မေ့သွားတာတော့မဟုတ်ပါဘူး
နော်"

"အာ……မဟုတ်ပါဘူး ရုတ်တရတ်ဆိုတော့ ငါ
အံ့သြသွားလို့ပါ အင်း ပြော ShiYeon"

ShiYeonမှ ရယ်မောလျက်နောက်ပြောင်ဆိုလာသည်ကို
Luhanအလျင်စလိုပြန်လည်တုံ့ပြန်ပြောဆိုမိသည်။

ဖုန်းကိုမျက်မှောင်ကျုံ့ပြီး ကြည့်နေသည့် Yi Xing
ကြောင့် စကားတွေမမှားရအောင်လည်းထိန်းရပါသေး
သည်။

"နင် အဆင်ပြေရဲ့လားသိချင်လို့ ငါဖုန်းလှမ်းဆက်လိုက်
တာ နေကောင်းသွားပြီလား Luhan"

"ကောင်းပါတယ်ဟ ငါနေကောင်းနေပါပြီ ကျေးဇူး
ShiYeon"

ShiYeon က Luhanနှင့်Yi Xingတို့၏ ငယ်သူငယ်ချင်း
ဖြစ်သည်။ ပြောခဲ့ဖူးသလိုပဲ Luhanက ShiYeonကို
သဘောကျဖူးသည်။ Luhanတယောက် သူစိမ်း
တစ်ယောက်ကို မေတ္တာသက်ဝင်ဖို့ ဖြစ်လာသည့်
အချိန်တွင် အနေနီးကပ်ခဲ့သည့်သူတယောက်အနေဖြင့်
ShiYeonကိုသူသဘောကျမိခဲ့တာဖြစ်ကောင်းဖြစ်လိမ့်
မည်။

ShiYeonကလှသည်။ တော်သည်။ Luhan့အပေါ် အနွံတာခံနိုင်သည်။ Yi Xingနှင့်ဆိုလျှင် တည့်လည်းခဏဖြစ်
ပေမဲ့ Luhan့ကိုကျ အမြဲလိုက်လျောအလျှော့ပေးတတ်
သည်။ Sehun၏ပြောစကားများအရ ShiYeonက
သာမန်သူငယ်ချင်းတစ်ယောက်မဟုတ်ပါပဲ သူ၏ချစ်သူ
မိန်းကလေးတယောက်ပင်ဖြစ်ခဲ့ဖူးသည်ဆိုတာကို Luhan
သတိရသွားသည့်အခါ ဖုန်းပြောနေသည့်အသံတွေပင်တုန်ချင်သွားသည်။

ဖုန်းပြောနေရသည့်Lee ShiYeonက သူငယ်ချင်း
တယောက်အနေနှင့်တင်မကပဲ ရည်းစားဟောင်းလေမလား? Luhanကတော့မမှတ်မိတော့ပေမဲ့လို့ပေါ့။

"နင်…နင်ရောအဆင်ပြေရဲ့လား ? "

"ဒီလိုပဲပေါ့ ပြေလိုက် မပြေလိုက်"

စကားတွေက နေကောင်းရဲ့လား? အဆင်ပြေရဲ့လား
ဖြင့် ခေါင်းစဉ်အမျိုးမျိုးအောက်ရောက်လို့ မိနစ်တွေကြာ
လာသည့်အခါမှာ အသက်ရှုသံပင်မထွက်ပဲနားထောင်
နေသည့်Yi Xingက ဖုန်းချခိုင်းလေတော့သည်။

The years I have loved him Where stories live. Discover now