Act Twenty-nine

7.6K 1.1K 179
                                    

ခရစ်စမတ်ရဲ့မနက်ခင်းမှာ နေရောင် သိပ်လင်းလင်းထင်းထင်းမဖြစ်ပဲရှိနေခဲ့သည်။

ညတည်းက ပြောထားခဲ့သည့်အတိုင်း Sehun က Luhan့အတွက် ချောကလက်ပူပူနှင့်ကွတ်ကီးချပ်များကို
မမေ့မလျော့ပြင်ဆင်ပေးသည့်အပြင် ဗိုက်မပြည့်မှာစိုးရိမ်
သဖြင့် ကြက်ဥကိတ်မုန့်လုံးလေးများကိုပါ အရံသင့်ပြင်
ဆင်ထားပေးပါသေးသည်။

Luhan မနိုးသေးသည့်အတွက် Sehunက ကော်ဖီကို
ဖျော်မထားသေးပဲ ဖျော်ဖို့အတွက်သာပြင်ထားသည်။
မနက်ရှစ်နာရီခွဲကာမှပင် အိမ်အပေါ်ထပ်တံခါးပိတ်လိုက်
သံနှင့် ဝှားကနဲသမ်းလိုက်သံတို့ကြောင့် Sehunမတ်
တပ်ထရပ်လိုက်ပြီး လှေကားရင်းဆီသွားလိုက်ပါသည်။

Sehun လှေကားနားကိုရောက်သည့်အခါ အားရပါးရ
လက်ဆန့်တန်းကာသမ်းနေပြန်သည့် Luhanသည်
အသမ်းရပ်သွားပြီး ပါးစပ်ကိုချက်ချင်းပိတ်ချပစ်လိုက်
သည်။

မနက်စောစောစီးစီး စနောက်မိလျှင်ကြည်လင်နေသည့်
စိတ်ကလေးနောက်သွားမည်ကိုစိုးရိမ်ရသဖြင့် Sehunက
ငြိမ်ငြိမ်လေးနေကာ မသိချင်ယောင်ဆောင်လိုက်ရသည်။
သို့ပေမဲ့လဲ သမ်းဝေနေသည့်ပုံကလေးက ချစ်စရာကောင်း
လှသည့်အတွက် အနည်းငယ်တော့ ပြုံးမိရပါသေးသည်။

Luhanသည်လည်း အသမ်းလူမိသွားသဖြင့် ရှက်ကာ
ဆံပင်တွေကိုဆွဲဖွလို့ခေါင်းကုတ်ပြီး Sehunကိုပြုံးပြသည်။

ထို့နောက် လှေကားရင်းထိခပ်သွက်သွက်ဆင်းချလာကာ
Sehunမျက်နှာကိုမော့ကြည့်ပါသည်။

"Sehun "

"ဗျာ………"

"ဗိုက်ဆာပြီ"

"အဆင်သင့်ပါပဲ ခင်ဗျာ"

Luhanက ရယ်လိုက်ပြီး မီးဖိုခန်းဆီလျှောက်သွားလိုက်
သည်။ ကွတ်ကီးချပ်များနှင့်ချောကလက်ပူပူကိုမြင်တော့
အပြုံးအရယ်တွေပိုတောက်သွားသည်။

ကလေးတွေက အစားမက်သည်ဆိုတာသိပ်မှန်သည်။

Sehun ကော်ဖီဖျော်ပေးဖို့ မီးဖိုနားပြန်လျှောက်သွား
သည်ကို Luhanက ကွတ်ကီးကိုကိုက်ရင်းမှ တောက်
လျှောက်လိုက်ကြည့်သည်။ ပါးစပ်တလှုပ်လှုပ်ဖြင့်ဝါးရင်း
သူ့ကိုအဆက်မပြတ်ကြည့်နေသည့်Luhanအား Sehun
ကလည်း ပြန်မော့ကြည့်သည့်အခါ ကွတ်ကီးအဝါးမပြတ်
သည့်ကောင်လေးက သွားတွေပေါ်အောင်ပင်ရယ်ပြလာ
သည်။ ချောကလက်ဖတ်လေးအောက်သွားမှာကပ်နေတာ
မြင်တော့ Sehunက မျက်နှာအောက်ငုံ့ချလို့ ရယ်လိုက်
မိသေးသည်။

The years I have loved him Where stories live. Discover now