Act Ten

9.6K 1.3K 118
                                    

ခင်ဗျား သိချင်တဲ့အကြောင်းတွေကို ပြောပြပါ့မယ်ဆို
ပြီး ညက Sehunက ချွေးသိပ်သွားသည်။ သို့ပေမဲ့
မနက်မိုးလင်းသွားသည့်အချိန်ထိ Luhan တလုံးတလေ
မှမသိရသေးပါ။

မနက်စာဝိုင်းမှာ မေးထောက်ထားပြီး မျက်နှာသေဖြင့်
ကြည့်မိသည့်နောက် Sehun က မပွင့်တပွင့်ပြုံးလာရှာ
သည်။ Luhanရှေ့ကို ကြက်ဥကြော်နှင့်ကြက်သားပြား
ကြော်ထည့်ထားသည့် ပန်းကန်ကို အသံမထွက်စေပဲ
ချပေးလိုက်ပြီး

"မနက်စာစားပြီးရင် ကိုယ်တို့တနေရာသွားရအောင်"

"ဘယ်ကိုလဲ ? ဘယ်ကိုလဲ "

အပြင်မထွက်ရတာကြာပြီဖြစ်နေသည့် Luhan့မျက်လုံး
လေးတွေတောက်သွားခဲ့သည်။ သူဘာကြောင့်Sehun
ကိုစိတ်ကောက်နေသလဲ ဆိုတာတောင်မေ့သွားခဲ့ပုံပေါ်
ပါသည်။ Sehunသည်ကား ခပ်ပြုံးပြုံးပင် Luhan့
နံဘေးမှာ မနက်စာစားဖို့ကပ်ထိုင်လိုက်ပြီး

"ခင်ဗျား အရမ်းသဘောကျတဲ့နေရာကို"

ထိုစကားတခွန်းနှင့်ပင် Luhan ကမနက်စာကို
မြန်မြန်ဆန်ဆန်စားပစ်လိုက်တော့သည်။

အပြင်သွားကြဖို့ အဆင်သင့်ဖြစ်နေကြသည့်အချိန်
မှာ မနက် ဆယ်နာရီခွဲ။

Sehunက အန်တီလီကို သူတို့ နေ့လည်စာရော ၊
ညစာပါ အပြင်မှာစားမည်ဖြစ်ကြောင်း ၊ အိမ်သန့်ရှင်း
ရေးလုပ်ပြီးသည်နှင့် အန်တီလီ ပြန်ချင်လျှင် ပြန်နိုင်
ကြောင်းပြောပြီး အိမ်ရှေ့ဆင်ဝင်အောက်မှာ ခုန်ဆွ
ခုန်ဆွရပ်နေသည့် Luhan့နားသို့လျှောက်လာသည်။

ခဲရောင်ကုတ်အင်္ကျီအရှည်ကို အောက်က ရှပ်အဖြူနှင့်
ခံဝတ်ထားပြီး နက်ကတိုင်မပါပေမဲ့ စတိုင်လ်ပန်ခဲရောင်
နှင့် Sehun ပုံစံက ရှင်းသန့်လင်းဖြာနေသည်။
ဖြတ်ကနဲကြည့်ရုံဖြင့် လူကြီးလူကောင်းပီသလှသလို
အမှတ်မထင်စိတ်ပါလက်ပါရယ်လိုက်လေတိုင်းထွက်လာ
တတ်သည့်သွားတက်ကလေးများသာမရှိလျှင်သူကအမြဲ
တမ်းခံ့ညားနေမည့်သူဖြစ်သည်။ သွားတက်ကလေးတွေ
ပေါ်အောင်ရယ်လာလျှင်တော့ သူက မတရားချစ်ဖို့
ကောင်းသွားတတ်သည်။

ဒါဟာ ဘုရားပေးထားသည့် ကောင်းချီးတစ်ခုလေလား
မသိ။ လူတိုင်းမရနိုင်သည့် အလှတရားတစ်ခုဖြစ်သည်က
တော့ မှန်လေသည်။

The years I have loved him Where stories live. Discover now