Act Thirty

8.2K 1.2K 267
                                    


မနက်နိုးလာချိန်တွင် Luhan ၏ ဘေးနားမှာ Sehun
ရှိမနေခဲ့တော့။ ညက အိမ်အပေါ်ထပ်သို့ Luhan
တစ်ယောက်တည်းတက်သွားပြီးမကြာခင်မှာ Sehun
ရောက်လာသည်ကိုသိသည်။ ကုတင်ဘယ်ဘက်ခြမ်းသို့
ဝင်လှဲပြီး Luhan့ကို ကောင်းကောင်းအိပ်ပါလို့လေသံ
တိုးတိုးဖြင့်ပြောလာသည်ကို ကြားအပြီးမှာ Luhanပြန်
အိပ်မောကျသွားခဲ့တာပဲဖြစ်သည်။

သို့သော် ယခုနိုးလာသည့်အခါ Luhanဘေးနားတွင်
မည်သူမျှမရှိတော့။ အချိန်က မနက်ဆယ်နာရီနောက်ကို
တော်တော်ယွန်းခဲ့ပြီ။ Luhan မျက်နှာသစ်၊ ကိုယ်လက်
သန့်စင်ပြီးအောက်ထပ်သို့ဆင်းလာချိန်မှာလဲ မီးဖိုခန်းထဲ
၌ ထမင်းစားပွဲပေါ် အုပ်ဆောင်းဖြင့်အုပ်ထားသည့်စားစရာ
များသာတွေ့ရပြီး Sehunကတော့ရှိမနေခဲ့ပါ။

Luhan ထမင်းစားပွဲနားထိလျှောက်သွားပြီးမှရေခဲ
သေတ္တာဆီသို့သွားကာ ရေတဘူးယူသောက်ပြီးအိမ်ပေါ်
ပြန်တက်မည်ပြင်သည်။ ထိုအချိန်မှာပင် လက်ထဲမှဖုန်း
သည်တုန်ခါလာပြီး စာတိုတစ်စောင်ရောက်ရှိကြောင်း
အသိပေးလာခဲ့ပါသည်။

- ကိုယ် ဒီနေ့ အလုပ်ပြန်ဆင်းပြီ။ ခင်ဗျား အရမ်း
အိပ်မောကျနေလို့မနှိုးတော့တာ။ ထမင်းစားပွဲပေါ်က
အုပ်ဆောင်းအောက်မှာ ဆန်ပြုတ်ရယ်၊ ခင်ဗျားစားချင်တဲ့ကိတ်ရယ်၊ ကော်ဖီရယ်ပြင်ပေးထားခဲ့တယ်။ အပူခံ
ပန်းကန်တွေခွက်တွေနဲ့ထည့်ထားတာဆိုတော့ ခုချိန်
ထိနွေးနေဦးမှာပါ စားလိုက်နော် -

စာကိုဖတ်နေရင်း Luhanက ထမင်းစားပွဲပေါ်လှမ်းကြည့်
သည်။ ထို့နောက် သက်ပြင်းချကာ အိမ်အပေါ်ထပ်ပြန်
တက်တော့မည့်ခြေလှမ်းတွေကိုရုတ်ပစ်ရင်း ထမင်းစားပွဲ
ဆီလျှောက်ခဲ့လေသည်။

Sehunပြင်ဆင်ပေးထားခဲ့သည်များကို တစ်ခုမကျန်စား
သောက်ပြီးဖြစ်ပေမဲ့ Luhan စာပြန်မပို့ဖြစ်ပါ။

ပန်းကန်များအားဆေးကြောသိမ်းဆည်းပြီးသည့်အချိန်မှာ
အလုပ်ပြန်ဆင်းဟန်ရှိသည့်Driverဦးလေးကြီးသည်
အိမ်ထဲသို့ဝင်လာခဲ့ပါသည်။

"အော် ဦးလေး အလုပ်ပြန်ဆင်းပြီလား"

"ဟုတ်တယ် အစ်ကိုလေး ။ အစ်ကိုလေး ဒီနေ့ဘယ်သွား
စရာရှိလဲ ?"

The years I have loved him Where stories live. Discover now