Act Sixteen

7.4K 1.1K 104
                                    

 
George Herbertကတော့ ပြောခဲ့တာပဲ
ခင်ဗျားသိလား
အချစ် နဲ့ ချောင်းဆိုးတာကဖုံးထားလို့
မရနိုင်ဘူးတဲ့ ကိုယ့်အတွက်တော့ တော်တော်
ကို့ရိုးကားယားနိုင်ခဲ့ရပါတယ်

° The years I have loved him °

Sehunဝယ်လာသည့်အအေးဘူးများကို စာကြည့်တိုက်
မှူးမမြင်သာအောင် ဘေးတစောင်းကွယ်လိုက်ပြီး
စာကြည့်တိုက်ထဲသို့ဝင်လာလိုက်သည်။ ကံကောင်း
ထောက်မပြီး ကောင်တာမှာ ခေါင်းငုံ့နေသည့်
စာကြည့်တိုက်မှူးအန်တီကြီးက ခိုးကြောင်ခိုးဝှက်ဟန်နဲ့ Sehunကိုမမြင်ခဲ့။

လွယ်အိတ်နှင့်စာအုပ်တွေတင်ထားခဲ့သည့် စားပွဲနား
ရောက်သည့်နောက် ထင်ထားသည့်အတိုင်းပတ်ဝန်းကျင်
မှာ Luhan့ကိုမတွေ့ခဲ့။ Sehun ထိုင်ချလိုက်ပြီး အအေး
ဘူးတွေကို စားပွဲပေါ်တင်ထားလိုက်သည်။

Sehunဘေးနားကအမိငယ်ကတော့ အအေးဘူးတွေကို
စောင်းငဲ့ကြည့်လာပါသည်။ မသိချင်ယောင်ဆောင်ပြီး
မျက်နှာပြောင်ပြောင်နေလို့ မကောင်းတတ်သဖြင့် Sehunနည်းနည်းလေးရယ်ပြလိုက်သည်။

အအေးဘူးတွေအအေးလျော့သွားမှာစိုးသည်။ ထိုင်နေလို့
အနားရောက်လာမှာမဟုတ်သဖြင့် Sehun စာအုပ်သုံး
အုပ်ကို ပွေ့ကိုင်လိုက်ပြီး ရင်ဘတ်နှင့်စာအုပ်တွေကြား
အအေးဘူးတွေဖွက်ယူလိုက်ကာ မတ်တပ်ထရပ်လိုက်
သည်။

စာအုပ်စင်တွေကြား တစ်ခုပြီးတစ်ခုဖြတ်ကျော်လျှောက်
သွားရင်း Luhan့ကိုရှာမိပါသည်။ စာအုပ်စင်ကိုမှီလို့
စာအုပ်ဖတ်နေကြသည့်သူတွေကို ကျော်ပြီး ထိုသူတို့
နောက်ဖက်ကိုလည်း ကို့ရိုးကားယားနိုင်စွာကြည့်မိသည်။

"အင်း sorry "

အနှောင့်အယှက်ဖြစ်ရသည့်သဖွယ် မျက်လုံးလှန်ကြည့်
လာသူများကိုလည်း တိတ်တိတ်လေးတောင်းပန်ရပါ
သေးသည်။ စာအုပ်စင်တွေကုန်ခါနီးအချိန်မှာတော့ Sehunစိတ်ဓာတ်ကျချင်လာသည်။ စောပြန်သွားတာမျိုး
မဖြစ်နိုင်သည့်အတွက် Sehun ထောင့်အကျဆုံးနေရာကို
လျှောက်သွားလိုက်သေးသည်။

The years I have loved him Where stories live. Discover now