Act Forty-seven

8K 1.2K 389
                                    

"အဆင်ပြေရဲ့လား အလုပ်တွေက"

ထုံးစံအတိုင်းပင် ဆံပင်ကိုရေမသုတ်ပဲ ရေစက်လက်ဖြင့်
ခေါင်းခါယမ်းလို့ Luhanက မီးဖိုခန်းထဲလျှောက်လာရင်း
Sehunကိုမေးသည်။ ယခုဆို Sehun အလုပ်ဝင်နေသည်
မှာ ဆယ်လကျော်ကျော် တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည်။
မီဒီယာတွေမှာတောင် ကြည့်ကောင်းသည့် လူငယ်စီးပွား
ရေးလုပ်ငန်းရှင်တစ်ယောက်၊ ထက်မြက်သည့်အင်ဂျင်
နီယာခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လူအများ
ကဝိုင်းဝန်းစောင့်ကြည့်နေသည်ကိုခံနေရပြီဖြစ်ပြီး တချို့
သောသမီးရှင်များ၏မျက်စိကျနေမှုများကိုပါလက်ခံနေရပြီ
ဖြစ်ပါသည်။

ရေခဲရိုက်မျက်နှာနှင့် အမြဲတစေမျက်မှောင်ကျုံ့လို့ တည်
တည်တံ့တံ့နေတတ်သည့် လူငယ်လေးကို အများသူငှာ
ရှိန်ကြပြီးလေးစားကြသည်။

ထိုလူငယ်လေးက တယောက်သောသူရှေ့မှာတော့ အမြဲ
တမ်းပြုံးရယ်နေတတ်ပြီး ထိုသူ့အနား နီးနိုင်သမျှနီးအောင်
ကပ်နေဖို့တော့မမေ့တတ်။

ယခုလည်း ထိုလူငယ်လေး Sehun တစ်ယောက်
အလုပ်မသွားခင်မှာ မနက်စာပြင်ဆင်ပေးရင်းအလုပ်
များနေပြန်သည်။ Luhanမှ မနေ့ညက သူ၏အခန်းတွင် ပန်းချီကားတွေအရမ်းများနေပြီး အိပ်စရာနေရာမရှိတော့
ပါဘူးဟုငြီးငြူကာ Sehunအခန်းဆီရောက်လာသည့်
အတွက် နေရာပေးလိုက်ရပါသေးသည်။

"ပြေပါတယ် ကိုယ်အရင်ကလဲ လုပ်နေကျတွေပဲဆို
တော့အခက်အခဲတော့သိပ်မရှိဘူး ဒီနှစ်………ဘက်က
အိမ်ယာစီမံကိန်းတစ်ခုလဲရလိုက်တယ်လေ ဒီနှစ်အတွက်
အကြီးဆုံးပရောဂျက်ပဲ "

အသင့်ပြင်ထားပြီးဖြစ်သော မနက်စာကို အဆင်သင့်ယူ
စားနေရင်းမှ Sehunပြောလာသည့်စကားများကို Luhan
ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။

Luhan လက်လှမ်းမမှီနိုင်မည့် ပေါင်မုန့်ပန်းကန်ကို
ရှေ့တိုးပေးလိုက်ပြီး Sehunမျက်နှာချင်းဆိုင်ခုံမှာ
ထိုင်လို့နေရာဝင်ယူသည်။

Sehun မနက်စာစစားသည့်အချိန်တွင် Luhanက
ဆန်ပြုတ်ပန်းကန်တဝက်ကုန်သွားချေပြီ။ သူယူထား
သည့်ငရုတ်ကောင်းမှုန့်ဘူးကို မယူကာ Sehun
ဆန်ပြုတ်ပန်းကန်ထဲ လှမ်းဖြူးပေးရင်း မနက်စာစားနေ
သည်ကိုခဏရပ်လို့

The years I have loved him Where stories live. Discover now