Act Thirty-one

8.6K 1.2K 201
                                    

Luhan ထွေးပွေ့မိသည့် ပါးပြင်သည် တစတစနှင့်ပို
ပူလောင်လာပြီး Sehunထံမှနေ ရှိုက်သံတွေလဲ တဖြည်း
ဖြည်းပိုကျယ်လောင်လာခဲ့သည်။

မငိုပါနဲ့ မပြောရက်တော့သည်ဖြစ်လို့ Luhan ထွေးပွေ့
ထားသည့်လက်များဖြင့်သာ ထိုမျက်ရည်များကိုသုတ်ပေး
နေမိတော့သည်။

ရှိုက်သံတွေ ငိုသံတွေရဲ့ကြားမှ Sehunက Luhan၏
မျက်နှာကိုမော့ကြည့်လာပြီး နှစ်လိုဖွယ်ကောင်းအောင်
ပြုံးပြလာပါသေးသည်။

"ကိုယ် အဲ့ဒီလောက်တောင်တုံးခဲ့ရလား ? ခင်ဗျားရဲ့
အချစ်တွေကိုမမြင်နိုင်အောင်"

ထိုစကားကြောင့် Luhan ကခေါင်းခါယမ်းသည်။ ပြီးခဲ့
သည့်နှစ်တွေမှာ ဘာကဘယ်သူ့အမှားရယ် ဘယ်သူက
တုံးအခဲ့တာရယ်ဆိုတာကို အတိတ်ကိုမှတ်မိခြင်းအလျင်း
မရှိပေမဲ့ Luhan ကောင်းကောင်းသိသည်။

"တကယ်ဆို ကျွန်တော်က ဆိုးရွားတာမဟုတ်ဘူးလား
ကျွန်တော်ချစ်နိုင်ရဲ့သားနဲ့ ဘာကြောင့်များ Sehunကို
ခုလိုဝမ်းနည်းအောင်လုပ်ခဲ့ရတာလဲ"

အခန်းတွင်းနေရာပြည့်ယူထားသည့်ပန်းချီများကိုကြည့်ပြီး
Luhanကပြောရှာသည်။ မျက်ရည်တွေခမ်းလုမတတ်
ငိုနေခဲ့သည့်သူဆီ အကြည့်ပြန်ရောက်မိသည့်နောက် ထိုသူက အရင်အတိုင်းပင် အပြုံးမပြတ်ရှိခဲ့ပါသည်။

ထိုသူ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်မိပါရင်း Luhan
သည်လည်း အလိုလိုမျက်ရည်ဝဲတက်လာခဲ့ရသည်။

ထိုသူ၏ ချစ်ခဲ့ခြင်းတွေကို Luhan မမှတ်မိတော့သော်
လည်း ထိုသူ၏ချစ်နေခြင်းတွေကို ရနေသေးသည့်
အတွက် ကံကောင်းသည်ဟု ထပ်ခါထပ်ခါတွေးမိသည်။

ဒီမှတ်ဥာဏ်တွေများထပ်ပျောက်သွားလျှင် Luhan
အဘယ်သို့နေရမည်နည်း ?

"ခင်ဗျားက ဘာလို့ငိုတာလဲဗျာ"

Luhan ခေါင်းခါယမ်းပြလိုက်သည့်အခါ Sehunက ရယ်
မောလာပြီး ကျနေပြီဖြစ်သည့် Luhan၏မျက်ရည်များ
ကိုဖယ်သုတ်ပေးသည်။

တယောက်ကငိုလိုက် တယောက်ကမျက်ရည်သုတ်ပေး
လိုက် ၊ နောက်တယောက်က ထပ်ငိုလိုက် ပထမငိုခဲ့တဲ့
တစ်ယောက်က မျက်ရည်သုတ်ပေးလိုက်ဖြင့် သံသရာ
လည်နေသည့် ကြားထဲကမှ Sehun ၏အပြုံးများသည်
ပိုပို၍ပီပြင်လာပါသည်။

The years I have loved him Where stories live. Discover now