Act Thirty-six

7.6K 1.1K 284
                                    

ဒုတိယနှစ်ဝက်အတွက် ကျောင်းစတက်ရမည့်အချိန်သည်
မြန်မြန်ဆန်ဆန်ပင်ရောက်လာခဲ့သည်။ Sehunက
ကျောင်းစဖွင့်တည်းက ကလပ်မှကိစ္စများစွာဖြင့် ကျောင်း
သို့ရောက်နှင့်နေခဲ့ပြီးပေမဲ့ Luhanကတော့ နှစ်ပတ်နေ
မှသာ ကျောင်းသို့လာရမည်ဖြစ်ပါသည်။

Luhan ကျောင်းသွားရမည့် နေ့တွင် Sehunက ယခင်
နေ့များကထက် တနာရီစောစွာနိုးနေခဲ့သည်။ လွယ်လွယ်
ရှင်းရှင်း မနက်စာကိုပြင်ပြီးသည့်နောက်မှာ ကျောင်းသွား
ဖို့အဆင်သင့်ပြင်ဆင်ပြီး Luhanနေသည့် တတိယထပ် သို့တက်လာခဲ့ပါသည်။

မမှိတ်မသုန်တံခါးကြီးသည် တုတ်တုတ်မျှမလှုပ်သေး။ နား
စွင့်လိုက်ပါသော်လည်း အသံတသံမှမကြားရသေးပါ
သဖြင့် Luhan မနိုးသေးဟု Sehunထင်လိုက်သည်။

လျှပ်စစ်ခေါင်းလောင်းကိုတချက်နှိပ်လိုက်သော်လည်း
တုံ့ပြန်မှုကမရှိသည့်အတွက် Sehun နောက်တချက်ထပ်
နှိပ်သည်။

"Luhan မထသေးဘူးလား ?? ကျောင်းသွားရမယ်လေ"

ခေါင်းလောင်းနှိပ်ပြီးငါးချက်မြောက်နှင့် Sehunအော်သံ
နှစ်ကြိမ်မြောက်မှာ အခန်းတံခါးသည် ပွင့်လာပြီး မျက်လုံး
မပွင့်သေးသော်လည်း မကြည်မလင်ဖြစ်နေသည့် Luhan
မျက်နှာထွက်လာသည်။ Sehunပြုံးလျက်ကြည့်နေမိသည့်
အခါ အခန်းတံခါးဘောင်ကိုမှီလို့လျော့တိလျော့ရဲရပ်နေ
ပြီး သမ်းဝေနေသောLuhanမျက်နှာက ပိုလို့ဆူပုတ်သွားပါသည်။

"မင်း !!"

"ဟေ့ဟေ့ ကိုယ်က ခင်ဗျားလာနှိုးပေးပါဆိုလို့ လာနှိုးပေး
တာနော် ကိုယ့်ကိုမအော်နဲ့"

အပြစ်တင်ခံရတော့မည့်အရေးကို Sehunကအလျင်
ဆီးတားလိုက်သည်။ ထိုအခါကျမှသာ Luhan မျက်နှာရှုံ့
မဲ့သွားပြီးသကာလ နားထင်ကိုကုတ်ပြီး ခေါင်းညိမ့်လာ
သည်။

"နှိုးပြီးပြီမလား သွားတော့"

"နေပါဦးဗျာ………"

ပြန်ပိတ်တော့မည့်တံခါးကို Sehunက လှမ်းဆွဲကာ တား
လိုက်မိသည်။ မျက်မှောင်ကျုံ့ပြီးဆူပုတ်ပုတ်အကြည့်မခံရ
ခင်မှာပင် Sehun ကပျာကယာနှင့်

"ပြန်အိပ်မနေနဲ့တော့ ကိုယ် မနက်စာပြင်ထားလို့ လာစား
လို့ပြောမလို့"

The years I have loved him Where stories live. Discover now