Act Twelve

8.6K 1.2K 144
                                    

တစ်စုံတစ်ယောက်ကို သဘောကျမိတဲ့စိတ်က သူ
ကိုယ့်ကိုပြန်သဘောကျပါစေတော့ရယ်လို့ မမျှော်လင့်ခင်
အချိန်ထိ အေးချမ်းခဲ့ပါတယ်

° The years I have loved him °


နှစ်ဝက်စာမေးပွဲများသည် ခပ်မြန်မြန်ပဲရောက်လာခဲ့သည်။
ကျောင်းသားများသည် စာရွက်တွေ ဟိုဆွဲဒီဆွဲဖြင့်
ပျာယာနေကြသလို Sehunသည်လည်း ကော်ဖီဆိုင်
ကိုဝတ္တရားမှန်မှန်ဖြင့် သွားနေသည်။

ကော်ဖီဆိုင်ကို ချောင်းပေါက်မတတ်သွားနေမိသည့် Sehunဖြစ်ပေမဲ့ စီနီယာLuhan သည် သူ့နာမည်ကို
မမေးတော့ပဲ ကော်ဖီဘူးပေါ်မှာအဆင်သင့်ရေးပေးထားရုံ
ထိသာ သူတို့ဆက်ဆံရေးကတိုးတက်မှုရှိခဲ့လေသည်။

စီနီယာက ချေသည်ဆိုတာထက် သူမရင်းနှီးသည့်သူများကို စည်းခြားကာဆက်ဆံနေခြင်းဖြစ်သည်ဟု Sehun
ထင်သည်။ Yi Xingနှင့်ဆို ပြောမနာဆိုမနာ လည်ပင်း
ဖက်ပေါင်းသင်းနေတာကို Sehunတွေ့သားပဲ။

ကလပ်ကိုမသွားရပေမဲ့ အင်ဂျင်နီယာဌာန၏ကျောင်းသား
နားနေဆောင်နားမှာ စီနီယာ Luhan နှင့် စီနီယာ
Yi Xingတို့ကိုခဏခဏတွေ့သည်။ တခါထိပ်တိုက်တွေ့
တုန်း သူတို့ကလပ်က အင်ဂျင်နီယာဌာန၏ဒုတိယအထပ်
ထောင့်စွန်းခန်းဖြစ်သည်ဟု ပြောလိုက်ခြင်းကြောင့် Sehunမှာ မျက်လုံးတွေပြူးသည်ထိ အံ့သြရသေး
သည်။

ကိုယ့်ဌာနမှာ ကိုယ်အသင်းဝင်ထားသည့် ကလပ်၏အခန်း
ရှိနေမှန်းတောင်မသိသည့် Oh Sehunပါပဲ။

Luhan အမြင်မကြည်တာလဲ မပြောနှင့်။

"ငါတို့ မင်းကို ကော်ရစ်ဒါမှာလတ်လျားလတ်လျား
ခဏခဏတွေ့တယ်ကွ Luhanကဆို မင်းကလပ်ကို
တမင်မလာတာဆိုပြီး နာမည်ထုတ်မယ် တကဲကဲလုပ်နေ
တာ ငါတားထားရတယ် ငါလည်းအလုပ်ကခပ်များများ
ဆိုတော့ မင်းနဲ့မတွေ့ဖြစ်တော့ ကလပ်ဘာလို့မလာတာလဲဆိုတာ မမေးဖြစ်ဘူးလေ"

"ဟုတ် ကျွန်တော် တကယ် mailမစစ်ကြည့်မိလိုက်
လို့ မသိတာ အစ်ကို Yi Xing "

"Luhan အဲ့ကောင်လည်းလိုတာပါကွာ မင်းကိုနေ့တိုင်း
ကော်ဖီဆိုင်မှာတွေ့တယ်ဆိုပြီး မမေးဘူးလေ ငါမေးလိုက်
ပါပြောတော့ သူတောင်ဂရုမစိုက်တာ ငါကဘာကိစ္စ
အဖက်လုပ်ပေးရမှာလဲ တဲ့ "

The years I have loved him Where stories live. Discover now