Act Fifty

8.5K 1.1K 266
                                    

အိမ်သို့ တဖန်ပြန်လာကြသည့်လမ်းတွင် Sehun မှာ Luhan ၏ လက်ကို မဖြုတ်စတမ်း လက်ချောင်းချင်း
ယှက်တွဲလျက် မြဲမြဲကိုင်လာခဲ့သလို Luhan သည်လည်း အပြုံးတွေရပ်တန့်မရပါသဖြင့် ပြတင်းပေါက် ဘက်သို့
မျက်နှာမူထားခဲ့ရသည်။

အိမ်လေးသို့ပြန်ရောက်သည့်အခါ ညမှောင်ရီပျိုးစပြုနေ
ခဲ့ပြီ။ Sehun မှ အိမ်ထဲသို့ ဝင်ဝင်ပြီးချင်း Luhan ၏ အပေါ်ဝတ်အနွေးထည်ကိုကူချွတ်ပေးကာ တိုင်မှာချိတ်
ဆွဲထားလိုက်ပြီး

"ကိုယ် ညစာချက်ပေးမယ် အပေါ်ထပ်မှာ ခဏနားပြီး
စောင့်နေမလား ?"

"ဟင် ...... ညစာချက်မယ် ? ဟင်းချက်စရာ
ကျွန်တော်တို့မဝယ်ခဲ့ဘူးလေ"

တအံ့တဩ Luhan ပြောနေခြင်းသည် Sehun
ရေခဲ‌သေတ္တာတံခါးကိုဖွင့်လိုက်သည့်အချိန်တွင် ငြိမ်ကျသွားသည်။ ပလက်စတစ်အကြည်ရောင်ဖြင့်အုပ်ထား
သည့်ကြက်သားဘူးနှင့်အတူ ဟင်းသီးဟင်းရွက် ရောင်စုံ
တစ်ဘူးကိုပါဆွဲထုတ်လာပြီး အိမ်သို့လာနေကျဖြစ်သည့်
အဒေါ်ကြီးကို အကူအညီတောင်းကာ ဝယ်ခိုင်းထားခြင်း
ဖြစ်ကြောင်း Sehunကပြောသည်။

ဘေစင်မှာ လက်အရင်ဆေးပြီး Apron ကို ဝတ်ကာ
လက်အိတ်စွပ်လိုက်သည့်နောက် Luhanသည်လည်း
ကူညီပေးမည်ဆိုကာ အနားကပ်လာပြီး လက်လာဆေး
လေသည်။

"ဘာစားချင်လဲ ?"

"အင်း…………ချိုချိုချဉ်ချဉ်လေး …"

"ကြက်သားလဲရှိနေတာဆိုတော့ အတော်ပဲ ကိုယ်ချက်ပေး
မယ်နော်"

"ကျွန်တော်ဘာလုပ်ပေးရမလဲ ?"

ကြက်သားများကိုရေဆေးပြီး တကိုက်စာအတုံးကလေး
များအဖြစ်လှီးဖြတ်နေသည့် Sehun အနားကို Luhan
တိုးကပ်သွားသည့်အခါ Sehunက မလှီးမချွတ်ရသေး
သည့် ဟင်းသီးဟင်းရွက် များကို Luhanရှေ့သို့တိုးပေးလာပြီး

"ခင်ဗျားစားချင်တဲ့ အသီးအရွက်လေးတွေရွေးလှီးထား
လိုက် အနည်းဆုံးငါးမျိုးတော့ပါပါစေနော်"

မုန်ညှင်းထုပ်ဖွေးဖွေးများမြင်သည်နှင့် နှာခေါင်းရှုံ့လိုက်ပြီ
ဖြစ်သော Luhanကို Sehunက ဂရုတစိုက်မှာကြားရ
သည်။ အရင်က ဟင်းသီးဟင်းရွက်မစားလဲ Sehun
အတင်းမကျွေးဖြစ်ပေမဲ့ အခုတော့ နည်းနည်းချင်းစီ စား
ဝင်အောင်ကျွေးရပေလိမ့်မည်။

The years I have loved him Where stories live. Discover now