Act Eight

9.1K 1.3K 118
                                    

ခင်ဗျားအတိတ်မှာ ကိုယ်မရှိတော့လည်း အဆင်ပြေ
ပါတယ် ခင်ဗျားရဲ့လက်ရှိမှာ ကိုယ်ရှိနေသ၍
အဆင်ပြေပါတယ်

° The years I have loved him °

အဲ့ဒီနေ့က Sehun သာ အစည်းအဝေးခန်းထဲ
ရောက်မနေခဲ့ပဲ Luhan့ နောက်ကိုလိုက်သွားခဲ့ရင်…
ဆိုသည့်အတွေးမျိုးက ဒီလပိုင်းတွေအတွင်းမှာ
သိပ်နေရာယူခဲ့သည်။

နောင်တဆိုတာမျိုးမှာ သိပ်ခါးသီး၏။

အမြဲတစေ နောင်တမရအောင် နေဖြစ်ခဲ့တဲ့Sehun
က ဒီတချက်မှာ တဘဝလုံး အရှိုက်ထိသွားခဲ့ရသည်။

Luhan ကားတိုက်မှုဖြစ်လို့ ဆိုသည့်သတင်းဖြင့် ဆေးရုံမှ ဆက်သွယ်လာမှုသည် Sehun၏ ပစ္စုပ္ပန်ကို
အစိတ်စိတ်အမြွှာမြွှာကြေကွဲစေခဲ့သည်။

မီးအစိမ်းရောင်လင်းနေသည့်ခွဲခန်းရှေ့မှာ စောင့်နေခဲ့
ရသည်က နာရီပေါင်းများစွာ၊ တုန်ရီနေသည့် လက်တွေ
နဲ့ ယိုင်နဲ့နေသည့်ခြေထောက်တွေ ။ ပြိုလဲနေသည့်
စိတ်တွေနဲ့ပေမဲ့ Sehun အသိစိတ်တို့မြဲနေအောင်ထား
ခဲ့သေးသည်။

ကြားချင်သည်။

ချစ်ရသူ၏ မျက်လုံးပွင့်လာပြီး သူ့နာမည်ကို ခေါ်လိုက်မည့်
အသံကိုပဲ Sehun ကြားချင်မိသည်။

စိတ်ဆိုးလဲခံမည်။ သွေးအေးရက်စက်သည့်စကားတွေ
ပြောလဲနားထောင်မည်။ Luhan သူ့နာမည်ကိုခေါ်ပေး
ဖို့ပဲလိုပါသည်။

အချိန်အကြာကြီးစောင့်နေခဲ့ပေမဲ့ခွဲစိတ်မှုအောင်မြင်
ပါသည်ဆိုပေမဲ့ Luhan နိုးမလာခဲ့သေး။

နေ့နေ့ညည ကုတင်ဘေးမှာထိုင်စောင့်နေရင်း Sehun
ဟာ အချိန်တွေကိုမုန်းတီးလာခဲ့မိသည်။

်"ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား ခင်ဗျားရယ်"

ခြောက်ကပ်နေပြီးလှုပ်ရှားမှုမရှိသည့်လက်ချောင်းတွေ
ကို ရေပတ်ဝတ်ဖြင့် သန့်စင်ပေးရင်း Sehun စကားတွေ
ဆိုနေမိသည်။

ဆေးရုံသို့သတင်းမေးလာသည့် လူအများကိုလည်း
Sehun အာရုံမထားမိ ။ နေ့နေ့ညည Luhan့ကိုပဲ
ကြည့်နေခဲ့ပြီး စကားတွေဆိုနေခဲ့သည်။

Luhan ပြန်သတိရလာခဲ့ပါသည်။ Sehun
စောင့်မျှော်နေသည့်အတိုင်း Luhan ပြန်လည်သတိရ
လာခဲ့ပါ၏။

The years I have loved him Where stories live. Discover now