Act Fifty-three

6.3K 1K 151
                                    

အငှားကားယာဉ်ပေါ် ငူငိုင်လျက်ပင် ပါသွားခဲ့ပြီး မေမေ့
အိမ်ရှေ့ရောက်လို့ မေမေ့မျက်နှာတွေ့လိုက်ရသည့်အချိန်
တွင် Luhan မရပ်မနားငိုနေမိပြီဖြစ်သည်။

"သားငယ် သားငယ်ဘာဖြစ်လို့လဲ "

Luhan ပြောနိုင်စွမ်းမရှိ။ ခေါင်းခါယမ်းပြီး မေမေ့ခါးကို
သာတင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။

ဒီအခြေအနေတွင် သူ ဘယ်သူ့စကားကိုယုံလို့ ဘယ်သူ့ရဲ့
နှစ်သိမ့်စကားတွေကို နားထောင်ချင်နေမှန်းမသိပဲ ငိုချင်
နေတာပဲသိသည်။

မေမေကလဲ သူ့ကို လိမ်ခဲ့သည်။ သို့ပေမဲ့ မေမေ့ဆီက
ဖြေရှင်းချက်ကိုတော့သူနားထောင်နိုင်မယ်ထင်သည်။

အိမ်ထဲသို့ရောက်သည့်နောက် အမြဲလိုလိုအဆင်သင့်ပြင်
ပေးထားပြီးဖြစ်သည့် သူ့အခန်းဆီသို့ Luhanတက်သွား
သည်။ မေမေက ငိုနေဆဲဖြစ်သည့် Luhanကို ထိန်းကိုင်
ပေးရင်း အခန်းထဲသို့လိုက်ပို့သည်။

"သားငယ်လေး…"

မေမေ၏လေသံပျော့ဖြင့် တိုးဖွစွာဆိုလိုက်သည့်နောက်
ကားဟွန်းတီးသံမတိုးမကျယ်က ခြံတံခါးဝရှေ့မှာ ထွက်
လာခဲ့သည်။ ပြတင်းတံခါးကိုလှပ်ကြည့်လိုက်သည့်မေမေ
က အိမ်ရှေ့တွင်ရောက်နေသူသည် Sehunဆိုတာကို
သိသည့်အခါ Luhanဘက်ကိုတချက်လှည့်ကြည့်လာ
လေသည်။

"အခုတော့ ပြန်လိုက်ဖို့သွားပြောပေးပါ မေမေ"

"………အင်း သား နားနားနေနေနေ"

ပြတင်းမှန်နားမှခွာသွားပြီး Luhanမေမေက အခန်းထဲမှ
ထွက်သွားမည်ပြင်သည်။ အခန်းဝရောက်ပါမှ ပြန်လှည့်
ကြည့်လာသည့်မေမေကို Luhanမော့ကြည့်လိုက်လေ
ပြီးမှ သက်ပြင်းချလျက် ထိုစကားကိုဆိုသည်။

"သား ဒီမှာပဲရှိနေမှာမို့ အရမ်းစိတ်မပူပါနဲ့လို့ ပြောပေးပါ"

မေမေ အောက်ထပ်ကိုဆင်းသွားသည့်နောက် အဆက်
မပြတ်စီးကျလာသည့် မျက်ရည်စများကို Luhan ကြမ်း
တမ်းစွာဖိသုတ်သည်။

စိတ်ဆိုးဒေါသထွက်သည်ဆိုတာထက် Luhan ဘာ
ဆက်လုပ်လို့လုပ်ရမှန်းမသိပဲထွက်ပြေးခဲ့သည်ဆိုလျှင်
ပိုမှန်ပါလိမ့်မည်။

The years I have loved him Where stories live. Discover now