Act Forty-five

7.9K 1.1K 97
                                    

ကလပ်ရှိသည့် အခန်းတွင်းကို Sehun နှင့် Luhan ယှဉ်
ဝင်သွားသည့်နောက် အားလုံးသောသူများအနားရောက်
လာပြီး ဝိုင်းနှုတ်ဆက်ကြသည်။ မလှမ်းမကမ်းနေရာမှ
ရပ်နေသည့် SoRa နှင့် လာနှုတ်ဆက်ကြသည့်သူများ၏
သာမာန်ရိုးကျနှုတ်ဆက်စကားများကြောင့် သူတို့
အကြောင်းကို SoRa မပြောလိုက်ဟု Sehun တွက်
ဆလိုက်သည်။

စကားများပြောကြရင်း၊ မုန့်များဝိုင်းဖွဲ့စားသောက်ကြရင်း
ယောက်ျားလေးများမှ ပလန်နှစ်အတွက် သွားကြမည်
ဟုအဆိုပြုလာသည့်အခါ မိန်းကလေးအများစု လိုက်
မလာကြတော့ပဲ နှုတ်ဆက်ကြပြီး ပြန်ကြလေသည်။

သောက်ကြဖို့အတွက် ကျောင်းအနားမှာပဲရှိသည့် Bar
တစ်ခုကိုရွေးခဲ့ကြသည်။ အားလုံးက စီနီယာဖြစ်သည့်
Luhanကိုလိုက်လာဖို့ရန် အတင်းခေါ်ကြပြီး Sehunမှာ
လည်း Luhanဘက်သို့ကြည့်နေလိုက်သည်။ ဂျူနီယာ
များကိုငြင်းရအခက် ဖြစ်နေသည့် Luhanက Sehunကို
တချက်လှည့်ကြည့်လာကာ ခေါင်းငြိမ့်ပြလာပြီးလိုက်ပါရန်
သဘောတူလိုက်လေသည်။

စုစုပေါင်း အယောက်၂၀ကျော်ခန့် Barသို့ လမ်းလျှောက်
ထွက်ခဲ့ကြပြီး ဆူပူအော်ဟစ်နေကြသည့်အုပ်စုနောက်မှ
နေ Sehun နှင့် Luhanက ခပ်မှန်မှန်လိုက်ခဲ့ကြသည်။

"သိပ်မသောက်နဲ့နော်"

"ဘာလဲ မင်းထိန်းရမှာဆိုးလို့လား ?"

"မဟုတ်ပါဘူးဗျာ ခင်ဗျားမနက်ကျခေါင်းကိုက်နေမှာဆိုး
လို့ပါ အစည်းအဝေးတစ်ခုရှိတယ်ဆို"

Sehun လေပြေသွေးဖြင့်ပြောသည့်စကားကို Luhanမှ
နှာခေါင်းရှုံ့ပြလိုက်သည်။ ညလေအေးအေးသည်
နှစ်ယောက်ကြားဖြတ်လျက်စီးဆင်းတိုက်ခတ်နေခဲ့ပြီး Sehunမှ လက်ဖျားနားစလေးတွေရဲစိုနေသည့် Luhan လက်ကို ခိုးခိုးကြည့်သည်။ ရှေ့နားမှာ သောင်းကျန်းနေ
ကြသည့် အုပ်စုသာမရှိလျှင် ဒီလက်ကလေးကို သူကိုင်ပါ
သည်။

Barကိုရောက်သည့်အခါ ကြားရက်ဖြစ်နေပါသော်လည်း
လူအများကအသင့်အတင့်ရှိနေသည်ကို တွေ့ရသည်။ တီးလုံးသံသဲ့သဲ့သာဖွင့်ထားပြီးမီးရောင်မှိန်မှိန်အောက်မှာ ရှိနေသည့်Barအတွင်း၌ ဆိုင်ရာလူများ ဟိုတစ်စု ဒီတစ်စုထိုင်နေလျက်ရှိသည်။

The years I have loved him Where stories live. Discover now