Act Eighteen

6.9K 1.1K 145
                                    


"ပြောစရာမရှိတော့ဘူးဆို ပြန်တော့လေနော်
ငါလဲ ဝင်တော့မယ် အဆောင်မှူးမိရင်မလွယ်ဘူး"

Luhan က အုတ်တံတိုင်းပေါ်ကနေခုန်ချပြီး နောက်ပြန်
လှည့်ကြည့်လို့ Sehunကိုအနှင်စကားဆိုသည်။ တံတိုင်း
ပေါ်မှာ ထိုင်နေဆဲဖြစ်သည့် Sehunက Luhan့ကိုကျန်
ခဲ့သည့်အိတ်အပြာရောင်အားကမ်းပေးလိုက်ပြီး သူလည်း
ပဲ အုတ်တံတိုင်းပေါ်ကခုန်ချလိုက်သည်။

မနက်ဖြန်တွေ့မယ်လို့လဲ မဆိုချင်ခဲ့တော့။
ခေါင်းညိမ့်ပြလို့ နှုတ်ဆက်ပြီး Sehun ထွက်လာခဲ့လိုက်
တာ အဆောင်နှင့်ခပ်လှမ်းလှမ်းရောက်သည်အထိပင်
ဖြစ်သည်။

လည်ပြန်ကြည့်လိုက်မိသည့်အခါ မြင်ချင်သည့်အရိပ်
ကလေးကိုမျှ မတွေ့ရတော့။

သို့မှသာSehunပြုံးဖြစ်သည်။

သူက Luhanနှင့်ပတ်သက်လာလျှင်ဘယ်လို
အခြေအနေမျိုးမှာမဆို ပြုံးတတ်သွားမှာကိုပဲ စိုးထိတ်ရ
မလိုဖြစ်နေခဲ့ပါပြီ။

……^……

မနက်ဖြန်မှာလည်း Sehun Luhanနှင့်မတွေ့ခဲ့ပါ။
သန်ဘက်ခါမှာလည်း မတွေ့ခဲ့ပါ။ နောက်တရက်မှာလဲ
မတွေ့ဖြစ်ခဲ့ပါ။ တပတ်တိတိ Sehun Luhanနှင့်မတွေ့
ဖြစ်ခဲ့ပါ။

Sehunဘက်ကတမင်တကာရှောင်နေခြင်းမဟုတ်ပဲ
တကူးတကတွေ့ဆုံမှုများကို မဖန်တီးဖြစ်တော့တာဖြစ်
သည်။

သူကသာစ၍ ဖြစ်လာသည့် တိုက်ဆိုင်မှုများကို ရင်မခုန်
ချင်တော့တာဖြစ်သည်။ သူကစမှဖြစ်လာသည့် စကား
များကိုမဆက်ချင်တော့တာဖြစ်သည်။

Sehun အတန်းတွေကိုတက်သည်။ ဒုတိယနှစ်ဝက်
အတွက် လပတ်စာမေးပွဲတွေလည်းရှိနေသဖြင့် ကလပ်သို့
မလာဖြစ်ပါကြောင်း အစ်ကိုYi Xingကိုအကြောင်းကြား
ထားသည်။

အရင်ကရှောင်နေခဲ့သည့် ကျောင်းသားအဖွဲ့အစည်းထဲ
ဝင်ပြီး တကျောင်းလုံးအရေးတွေကိုထမ်းဆောင်ပေးလိုက်
သေးသည်။

သူ့ကိုသူ လှုပ်မရသည့်အချိန်ဇယားများဖြင့် ချည်ပစ်လိုက်
ခြင်းဖြစ်သည်။ ကြာသပတေးနေ့ အတန်းဆင်းချိန်မှာ
တော့ Sehun ကျောင်း၏ဆောင်းရာသီအားကစား
ပွဲတော်လုပ်အားပေးအတွက် အားကစားခန်းမသို့လျှောက်
လာခဲ့ပါသည်။

The years I have loved him Where stories live. Discover now