Act Fifteen

8K 1.1K 86
                                    


Sehun တို့သုံးယောက် အချိန်ပေးပြီး ကလပ်ကို
ပြုပြင်လိုက်သည့်နောက် ပြန်ဖွင့်မည့်ရက်မတိုင်ခင်မှာပဲ
အခန်းမှာ ကြည့်ကောင်းလာခဲ့သည်။ အဖွဲ့ဝင်နှစ်ဆယ့်
ငါးယောက်တောင်မကျော်သည့် ကလပ်တခုအတွက်
အဆောင်တွင်းမှ အခန်းတနေရာ ကောင်းကောင်းကန်း
ကန်းရထားသည်မှာ အထူးကံကောင်းသည်ဟု ဆိုရပေ
မည်။

အများစုမှာ အနုပညာဆိုင်ရာမေဂျာကဖြစ်ပြီး Sehun
တစ်ယောက်တည်းသာ engineeringဘက်မှကွဲထွက်
ရောက်လာခြင်းဖြစ်သည်။ ကလပ်ပြန်ဖွင့်သည့်နေ့က
သူစိမ်းဖြစ်နေသော Sehunကို တခြားသူများမှာစပ်စပ်
စုစုကြည့်ကြသည်။

Sehunက နာမည်စာရင်းပေးထားပြီး First Semတစ်ခု
လုံးကလပ်ကိုရောက်မလာသည့် နာမည်ကျော်
ကျောင်းသားဖြစ်သောကြောင့် အကုန်လုံးကနာမည်
သိနေလေပြီ။ တချို့ ပထမနှစ်အဖွဲ့ဝင်များကတော့ Oh Sehunကို လူပင်မြင်ဖူးကြသည်။

ဗိသုကာကျောင်းသားလေးOh Sehun သည် လူပုံ
ဘယ်လိုဆွဲရမည်ကိုလုံးဝမသင်ယူခဲ့ဖူးပါ။ ထို့ကြောင့်ပင်
Luhan ကြိုပြောထားသည့်အတိုင်း တောက်တိုမယ်ရ
သာလုပ်ရတော့သည်။ Clubက Fan Artကလပ်။
Pop သီချင်းလွှမ်းမိုးသည့် ခေတ်ပေမို့ ခပ်ချောချော
idolလေးများကို အထက်တန်းကျောင်းသားကျောင်းသူ
တွေသာမက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေလဲ
စွဲလမ်းကြသည်။ ဝါသနာအရ ၊ ချစ်မြတ်နိုးမှုအရ သဘော
ကျရသည့် အနုပညာရှင်၏ရုပ်လွှာကို ဒီကလပ်က စာရွက်
ပေါ်တွင်ပုံဖော်သည်။

စာရွက်သားအထူသားဖြင့်၊ ခဲသားအကောင်းစားဖြင့်
ခဲပုံတူပန်းချီတွေဆွဲကြသည်။ ရောင်စုံခံဆံများဖြင့်ကာလာ
တင်သည်။ ကျောင်းပွဲတော်နေ့များတွင်လေလံတင်ကာ
ရောင်းချသည်။ ရရှိသည့်အမြတ်များအားလုံးကို ကျောင်း
အတွက်လိုအပ်သည့်နေရာတွင်ဖြစ်စေ ၊ အပြင်မိဘမဲ့
ဂေဟာတစ်ခုခုတွင်ဖြစ်စေ လှူဒါန်းသည်။ ထိုသို့ရည်ရွယ်
ချက်နှင့်လုပ်ဆောင်ချက်တွေရှိနေခြင်းကြောင့် ထိုကလပ်
ကလူနည်းပေမဲ့ အဖျက်မခံရခြင်းဖြစ်ပါသည်။

"Luhanရား Luhan နောင်တချိန် ငါidolဖြစ်လာရင်
မင်းလဲငါ့ပုံလေးတွေဆွဲပြီး ဒါကျွန်တော့်သူငယ်ချင်းပါလို့
ပတ်ကြွားပေါ့"

The years I have loved him Where stories live. Discover now