Act Forty-two

7.9K 1.1K 230
                                    

Sehun အတန်းတွေတက်ရဦးမည်ကို Luhanက
တွက်ဆပြီး သူတို့နှစ်ယောက်သား မြို့ကလေးဆီမှနေ
စောစောပြန်ထွက်ဖြစ်ခဲ့ကြသည်။

ဆိုးလ်ကိုပြန်ရောက်သည့်နောက် သူတို့၏ တကွဲတပြားစီ
ဖြစ်နေသည့်နေ့စဉ်အချိန်ဇယားများ ပြန်လည်စတင်လာခဲ့
ပါသည်။ ပြခန်းနှင့်စာချုပ်ချုပ်ဆိုပြီးသည့်အပြင် သင်တန်း
ကျောင်းတစ်ခု၌မှာ ဆရာအဖြစ် ဝင်လုပ်နေသည့် Luhan
က အချိန်ဇယားကျပ်လာသည်။ တဖက်၌ နောက်ဆုံးပိတ်
စာမေးပွဲကြီးနီးနေပြီဖြစ်သည့် Sehunအတွက်လဲ အား
လပ်ချိန် များများစားစားမရှိပြန်တော့။ Companyတွင်
ပို၍ ထဲထဲဝင်ဝင် နေရာယူနေရပြန်ပြီဖြစ်သည့်အတွက်
Sehunမှာ ပိတ်ရက်ပင်မရှိတော့သည့်သဖွယ်ဖြစ်လာရ
သည်။

Sehunမှမစလျှင် Luhanကလည်း အရင်လာတွေ့တတ်
သည့် သူမျိုးမဟုတ်ပြန်လေသည့်နောက် သူတို့တွေ့ချိန်
များသည်လည်း ပို၍ပို၍နည်းပါးလာခဲ့ပြန်ပါသည်။

သို့သော်လည်း Sehunက မနက်ခင်းတိုင်းမှာတော့ အချိန်
မိနစ်ပိုင်းလေးဖြစ်ဖြစ် Luhanမျက်နှာကိုတွေ့ရလေအောင်
ကြိုးစားလေ့ရှိသည်။

"Morning !"

ပုံမှန်ဆိုလျှင် တံခါးလာဖွင့်သည့်မျက်နှာသည် အိပ်ရေးမဝပါသောကြောင့် အမြဲတစေ မကြည်မလင်ဖြစ်နေတတ်
သည်။ ယနေ့ကျမှ တံခါးဖွင့်ဖွင့်ချင်း ပြုံးလျက်ကြိုနေသည့်
မျက်နှာကလေးရယ်ကြောင့် Sehunပင် အံ့သြသွားရလေ
သည်။

"မင်း အခုသွားဖို့လိုတာလား ?"

Sehunက တံခါးလာဖွင့်ပေးသည့် Luhan၏ အိပ်ချင်မူး
တူးမျက်နှာလေးကိုမြင်ရပြီးတိုင်း Luhanဆက်အိပ်လို့ရ
အောင် မနက်စာဘူးတွေကိုပေးထားခဲ့ပြီး အတန်းသွား
တက်တာများသည်။ ယနေ့ကျမှ အိပ်ရေးဝဝရှိပြီး လန်း
ဆန်းနေသည့်မျက်နှာကလေးကြောင့် Sehun အရဲစွန့်ပြီး
ခေါင်းခါပြလိုက်ပါသည်။

ထိုအခါ Luhanသည်လည်း ကျေနပ်သွားသယောင်ဖြင့် ခေါင်းငြိမ့်လာကာSehunကို အိမ်ထဲဝင်လာဖို့ တံခါးဖွင့်
ပေးခဲ့သည်။ မနက်စာဘူးတွေကိုလဲ ဆွဲယူသွားပြီး ထမင်း
စားခန်းဆီ ဦးအောင်ဝင်နှင့်သွားသည့် Luhanက နောက်
ပြန်လှည့်လာကာ မေးလာသည်။

The years I have loved him Where stories live. Discover now