Act Fifty-one

7.4K 1.1K 211
                                    

နှစ်ယောက်စလုံး အိပ်ယာထနောက်ကျသဖြင့် ထိုနေ့က
မနက်စာကို အန်တီလီပြင်ပေးသည်အား စားလိုက်ရ
သည်။ အချိန်မှီသွားရမည့် အရေးတကြီး အစည်းအဝေး
တစ်စုံတစ်ရာလဲမရှိပါသောကြောင့် နှစ်ယောက်စလုံးအိမ်
ထဲမှ အိမ်အပြင်ထွက်ဖို့အရေးကို သွေးအေးအေးပြင်ဆင်
နေကြပါသည်။

Sehun အတွက် အဝတ်အစားထုတ်ပေးပြီးသွားပြီဖြစ်
သည့် Luhanက သူဝတ်ဖို့အဝတ်အစားအလှည့်ကျမှ
ပြဿနာတက်နေသည်။

ယနေ့ သင်တန်းကျောင်းမှ ပညာတော်သင်ဆုပေးထား
သည့် ကျောင်းသားများနှင့် တွေ့ရမည့်အရေးမို့ လူကြီးပုံစံ
ပေါက်အောင်ဝတ်သွားရမည်။ ပြဿနာက Luhan
အနောက်တိုင်းဝတ်စုံကျပ်ကျပ်သပ်သပ်ကြီးတွေ ရှိုးထုတ်
့ပြီးမဝတ်ချင်။ လက်ကလှမ်းမိသည့် အဝါရောင်တီရှပ်
ကလေးကို ကောက်ကိုင်လိုက်ပြီး Sehunအား နောက် လှည့်ကြည့်သည်။ အောက်ခံရှပ်အင်္ကျီအဖြူကိုဝတ်ပြီး
သွားပြီဖြစ်သည့်Sehunက သက်တောင့်သက်သာပင်
လက်ကြယ်သီးများကိုတပ်နေသည်။

သူကျတော့ လှပပြီးစတိုင်ကျနေလိုက် -

စိတ်ဖုဖုဖြင့်တွေးမိသည်က အပြင်ထွက်သွားဟန်တူပါ
သည်။ ဟွန့်ကနဲ နှာမှုတ်သံကို သတိထားလိုက်မိသည့်
Sehunက ပြုံးစစဖြင့် Luhanအနားရောက်လာသည်။

လက်ထဲကိုင်ထားဆဲဖြစ်သည့် တီရှပ်အဝါရောင်ကို လှမ်း
ယူလိုက်သည့်နောက် Luhan က အနားကိုတိုးကပ်လာ
ပြီ အားလပ်သွားသည့်လက်များဖြင့် Sehunခါးကိုသိုင်း
ဖက်သည်။

"Sehunnnnn"

"ဗျာ…ဗျား"

မြိုသိပ်ထားရတာတွေမကြိုက်သည့်ပွင့်ပွင့်လင်းလင်းသမားဆယ်ကျော်သက်လေးသည် မတရားလည်း ချွဲအီ
တတ်လာသည်။ သိသိသာသာပင် Sehun အနားကို
ပိုကပ်လာလျက် ချစ်စဖွယ်အမူအရာတွေဖြင့် Sehun
ခြေထောက်တွေကိုခွေယိုင်စေသည်။

ယခုလည်းခါးကိုမလွှတ်တမ်းဖက်ထားသည့် Luhan
ကြောင့် Sehun ရယ်မောရပါပြီး ဗီဒိုထဲမှ ခပ်ပွပွ အဖြူ
ရောင်ရှပ်တထည်ကိုထုတ်သည်။ တဆက်တည်း နက်ပြာ
ရောင်ဂျင်းဘောင်းဘီတထည်ကိုပါဆွဲထုတ်လိုက်ပြီး
Luhanကိုမြှောက်ပြသည်။

The years I have loved him Where stories live. Discover now