Act Seventeen

6.9K 1.1K 119
                                    


ကွတ်ကီးဖုတ်ဖို့အရံသင့်ပြင်ထားပြီးဖြစ်သည့် မုန့်သားကို
Sehun လက်နဲ့ယူလို့ အဝိုင်းလေးတွေပုံဖော်လိုက်သည်။

တနင်္ဂနွေနေ့ဖြစ်၍ ကော်ဖီဆိုင်မှာလူကျနေပေမင့် လူ
အားသည့်အချိန်လေးမှာ Sehun ကွတ်ကီးဖုတ်နေခြင်း
သာဖြစ်ပါသည်။

"Oh Sehun - na ငါ မင်းကို ခရစ်စမတ်အတွက် မီနူး
အသစ်ထွင်ခိုင်းတာနော်"

"ဟုတ်တယ်လေ အစ်ကိုရဲ့ ကွတ်ကီးဖုတ်နေတယ်လေ"

"ငါပြောတာသောက်စရာပါကွာ"

Minseokငြီးငြီးငြူငြူဆိုပေမဲ့ Sehunက ကွတ်ကီးလေး
တွေကိုမဝိုင်းဝိုင်းအောင်လုပ်ပြီး မုန့်ဖုတ်ဗန်းထဲစီစီရီရီ
ထည့်ပြီးကာမှ မလှမ်းမကမ်းမှာထိုင်နေသည့်အစ်ကိုကြီး
ဆီပြန်ကြည့်လာသည်။

"ခရစ်စမတ်ဆို နွားနို့နဲ့ ကွတ်ကီးကအလိုက်ဆုံးပဲ
ကျွန်တော်ပြောတာယုံစမ်းပါ"

Sehunမှာခေါင်းတညိမ့်ညိမ့်နဲ့ဆိုနေခဲ့သော်လည်း
Minseokမှာတော့ စိတ်မသက်မသာဖြစ်နေသည်ပုံ။
သို့ပေမဲ့ စကားတခွန်းမှမဆိုတော့ပဲ ထိုင်သာကြည့်နေ
လိုက်တော့သည်။

orderလာရင် orderထလုပ်၊ orderမလာရင် ကွတ်ကီး
အတွက် အဆာပလာတွေပြင်ဆင်နေသည့်Sehunက
အလုပ်ရှုပ်နေတုန်းပင်။

မိနစ်အနည်းငယ်လောက်အကြာမှာတော့ ချိစ်နံ့သင်းနေ
သည့် ကွတ်ကီးချပ်လေးတွေက ရွှေရောင်သန်းလို့ အများ
ရှေ့ရောက်လာသည်။

ဆိုင်ထဲကဝယ်လူများစိတ်ဝင်တစားမေးကြပေမဲ့ Sehunကအခုရောင်းဖို့မဟုတ်ဟုသာတွင်တွင်
ဆိုပြန်သည်။

ကွတ်ကီးဝိုင်းလေးများကို ဗန်းပေါ်စီစီရီရီတင်ထားပြီး Sehunက ကွတ်ကီးတဝိုင်းချင်းစီပေါ်မှာအစိမ်း
ကာလာရောထားသည့်ခရင်မ်ကို ခရစ်စမတ်
သစ်ပင်ငယ်ပုံစံဖော်သည်။ အနီ ၊ အပြာ စသော
ကာလာများဖြင့်လည်း ဆန်တာကလော့ပုံစံဖော်သေး
သည်။ နှင်းစက်လေးကိုတွေးခဲ့မိသဖြင့် နှင်းပွင့်ပုံလေးက
လည်းမပါမဖြစ်။

ကွတ်ကီးဝိုင်းလေးများကို ဗန်းပေါ်စီစီရီရီတင်ထားပြီး Sehunက ကွတ်ကီးတဝိုင်းချင်းစီပေါ်မှာအစိမ်းကာလာရောထားသည့်ခရင်မ်ကို ခရစ်စမတ်သစ်ပင်ငယ်ပုံစံဖော်သည်။ အနီ ၊ အပြာ စသောကာလာများဖြင့်လည်း ဆန်တာကလော့ပုံစံဖော်သေးသည်။ နှင်းစက်လေးကိုတွေးခဲ့မိသဖြင့် နှင်းပွင့်ပု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The years I have loved him Where stories live. Discover now