Act Thirty-two

7.6K 1.1K 57
                                    

Sehun ချက်ချင်းပင် ငေးစိုက်ကြည့်နေမိခြင်းမှ အကြည့်လွှဲလိုက်ပါသည်။ Luhanက အနားသို့တလှမ်းတိုးလာပြီး
Sehunပွေ့ထားသည့်ပန်းစည်းနှင့်Sehunလက်ထဲမှာကိုင်
ထားသည့် လက်မှတ်ကိုငုံ့ကြည့်သည်။

"VIP ပဲ ငါနဲ့ကပ်ရက်ခုံ"

"ဗျာ ?"

ထိုသို့ဖြစ်မည်ဟု Sehun မတွေးမိဘူးပါ။ Luhanက
အေးအေးလူလူနှင့်ရှေ့ကနေဦးဆောင်ထွက်သွားပြီး Sehunနှင့်အတန်ငယ်ဝေးသွားပါမှ နောက်သို့ပြန်လှည့်
ကြည့်လာသည်။

"မဝင်ဘူးလား ? လာလေ"

"အာ.........ဟုတ်ကဲ့"

စင်နှင့်ဝေးသော်လည်း ခုံတွေရှိသည့်အပေါ်ထပ်သည်
အောက်ဘက်သို့ကောင်းကောင်းမြင်ရပါသည်။နာမည်
ကြီးသည့် အဆိုတော်များ၊မင်းသားများကို အပေါ်ထပ်တွင်
တွေ့ရပြီးနောက် ဒုတိယမြောက်တန်း၏တတိယခုံမှာ Sehunဝင်ထိုင်လိုက်သည်။

Luhanသည်လည်းထိုင်နေရင်းမှ မျက်မှန်တချက်ပင့်တင်
ကာSehunကိုလှည့်ကြည့်လာပါသည်။ သို့သော်လည်း
Sehunပြန်လှည့်မကြည့်မိခဲ့ပါ။

အဆက်မပြတ်ခုန်နေသည့်ရင်က အနှောင့်အယှက်
ပေးသည်။ Sehun ကိုယ့်ကိုကိုယ် ရယ်မောမိကာ ခပ်
လှမ်းလှမ်းအဝေးဘက်ဆီအကြည့်တွေပို့မိသည်။ ရှိုးပွဲ
စတင်ပြီးနောက် စည်းချက်နှင့်အညီအော်ဟစ်ပျော်မြူးနေ
ကြသည့်သူတွေကြားထဲ Sehunမပါခဲ့။ အားလုံးက ကိုယ်
စီအပျော်များဖြင့် အချိန်တွေသုံးခဲ့ကြသည်။ တဖြည်းဖြည်း
အမှောင်ကျလာသည့်ဝန်းကျင်ကိုအရဲကိုးပြီး Sehunမှာ
Luhanရှိရာဘက်ကိုလှည့်ကြည့်မိသည်။

သူ့ကိုသတိမမူမိဘဲ Luhanသည် စင်ပေါ်မှာ ကခုန်ဖျော်
ဖြေနေသည့်Yi Xingကို နှစ်သက်စွာကြည့်နေခဲ့သည်။
ထိုသို့သောပုံရိပ်ကြောင့်သာ Sehunမှာ ပျော်ရွှင်မှုဖြင့် ပြုံးမိရပါတော့သည်။

အနားမှာရှိနေဖို့ပဲလိုတာပါ ဆိုသည့်စကားကို Sehun
နားမလည်ခဲ့ပဲရှိခဲ့ဘူးသည်။ ခံစားချက်ဆိုတာ ကိုယ်တိုင်
သိရှိသွားမှသာ ရင်နင့်ရသည်မဟုတ်လား ?

နှစ်နာရီကျော်လွန်လို့ပွဲပြီးသွားသည့်အခါ Sehunလက်ထဲ
မှာပန်းစည်းပိုက်လျက်ပင်။ Back Stageသို့လည်းမဝင်ချင်
သဖြင့် Sehunဒီတိုင်းသာပြန်မည်ပြင်ဖြစ်သည်။ Luhan
သည်လည်း သူလာသွားပါကြောင်းဓာတ်ပုံကို Yi Xing
ဆီပို့ပေးပြီးပြန်ဖို့ရာပြင်သည်။

The years I have loved him Where stories live. Discover now