Act Two

12K 1.5K 74
                                    

အချစ်ကဘာလဲလို့မေးရင်
ခင်ဗျားအောက်နှုတ်ခမ်းကအမာရွတ်လေးလို့ ကိုယ်
ပြန်ဖြေဖြစ်တာများတယ်

°The years I have loved him°

Luhan ဆိုင်စောင့်နေရင်းကနေပဲ စိတ်ထင့်စွာနဲ့
အိမ်ဘက်ကိုခဏခဏလှည့်လှည့်ကြည့်နေမိသည်။
ဆိုင်ကိုလာပို့လာသည့် နှင်းဆီတွေကို နေရာချထားဖို့
ရာသပ်သပ်ရပ်ရပ်ကိုက်ဖြတ်နေပေမင့် သူ့အာရုံတွေက
အိမ်ထဲကဧည့်ခန်းမှာစကားထိုင်ပြောနေသည့်မေမေနှင့်
ဟိုဦးလေးကြီးဆီမှာပင်ရောက်နေသည်။

ဟုတ်တယ် ။ ဦးလေးကြီး။

ဆိုင်ရှေ့မှာ ခပ်ကြာကြာမတ်တပ်ရပ်နေပြီး သူနဲ့အကြည့်
ချင်းဆုံခဲ့ပါလေသည့် ထိုဦးလေးကြီးကို အပြင်ကပြန်လာ
သည့် Luhan့ မေမေက အံ့သြစွာကြည့်နေခဲ့သည်။

ထို့နောက် အေးတယ် သား ဟုဆိုကာ လက်မောင်းရင်းကနေတွဲခေါ်သွားပြီးအိမ်ထဲသို့ဝင်စေသည်။ Luhan့
ကိုတော့ဖြင့် ဆိုင်စောင့်နေရစ်ခဲ့ဖို့မှာသွားသည်။

အိမ်ထဲဝင်သွားပေမဲ့ လည်ပြန်ကြည့်လာသည့်ဦးလေးကြီး
၏အကြည့်တွေသည် Luhan့ဆီမှာတော်တော်ကြာရှိနေ
ခဲ့ပါသေးသည်။

"ဘာလို့ထွက်မလာသေးတာလဲ ?"

အရွက်တွေများနေသည့်နှင်းဆီနီတွေကို ကတ်ကြေး
တလက်နှင့်အရွက်တွေဖယ်၊ဆူးတွေကိုနှုတ်နေရင်း
Luhanကမကျေမချမ်းရေရွတ်သည်။

ဆယ်ကျော်သက်ကလေးLuhanက တခုခုဆို စူးစမ်း
လိုစိတ်အင်မတန်များသည်။ ဘာသိဘာသာလဲနေချင်
သလို လူကြီးများကသူ့ကို ဘေးဖယ်ထားလျှင် စိတ်က
လည်းခိုး၍ကောက်သေးသည်။

ဝယ်သူတစ်ဦးတစ်လေရောက်မလာသည်ကိုပင် ကျေးဇူး
တင်ရမည်။ မဟုတ်လျှင် ဒီအခြေအနေ Luhan နှင်းဆီ
မှာလျှင် ဂန္ဓမာများထုတ်ပေးနိုင်သည့်အခြေအနေဖြစ်
နေလေသည်။

မိနစ်ခြောက်ဆယ်နီးပါးလောက် ကြာမြင့်လာသည့်အချိန်
မှာတော့ Luhan နေနိုင်စွမ်းမရှိတော့ပဲ ပန်းကိုင်နေ
သည့်လက်အိတ်ကိုဆွဲချွတ်လို့ ဆိုင်နောက်ဖက်တံခါး
ကနေ အိမ်ထဲသို့ဝင်မည်ပြင်သည်။

The years I have loved him Where stories live. Discover now