Act Twenty-eight

7.5K 1K 138
                                    

ထိုနေ့ညပြီးသည့်နောက် Luhanက အတိတ်အကြောင်း
တွေကိုပြန်ပြောဖို့တောင်းဆိုလာခဲ့သည်။ နောက်ပိုင်း
အကြောင်းအရာတွေက ပြန်ပြောင်းပြောဖို့ရာ Sehun
စိုးထိတ်နေရသည်ကတကြောင်း၊ ခရစ်စမတ်ကာလမှာ
ဖြင့် Luhanကို စိတ်ရွှင်ရွှင်လန်းလန်းဖြင့်နေစေချင်သည်
ကတစ်ကြောင်းဖြင့် Sehun ခဏမျှ ရွှေ့ဆိုင်းထားလိုက်
သည်။ Luhanကစိတ်ကောက်ချင်သလိုအမူအရာဖြစ်
သွားပါသော်လည်း Sehunမှာ နှုတ်ခမ်းလေးဆူထားတာ
ချစ်စရာလေးလို့ပြောလိုက်၍ ရှက်ပြီးစိတ်မကောက်တော့
လေ။

ခရစ်စမတ်မတိုင်ခင်တပတ်အလိုမှာ Sehun သည်လည်း
ပန်းချီသင်တန်းကျောင်းသို့လိုက်ပြီး ကလေးတွေကို
ကွတ်ကီးတွေဝေမည်ဟု စီစဉ်ထားသည်။ အိမ်ကထွက်ခါနီးမှ Sehunတို့ companyကနေ လက်ခံထားသည့် construction siteမှနေ အလုပ်သမားတစ်ဦးထိခိုက်မှု
ဖြစ်သည်ဟုသတင်းရသဖြင့် Sehunမှာလိုက်သွားရလေ
သည်။

"Luhan sorryကွာ"

"အာ ရပါတယ် သွားပြီးသေချာဂရုစိုက်ပေးလိုက်
ဟုတ်ပြီလား ?"

"အင်း ကိုယ်သွားမယ်နော် သင်တန်းကိုဂရုစိုက်ပြီး
သွားနော် ကိုယ်အငှားကားခေါ်ထားပေးခဲ့တယ်"

Luhanခေါင်းညိမ့်ပြလိုက်သည်။ ခုချိန်ထိ တယောက်
တည်းကားမောင်းဖို့အဆင်သင့်မဖြစ်သေးသလို Sehun
ကလည်း ကားပေးမမောင်းပါလေ။

လက်မှနာရီကိုတချက်ပင့်ကြည့်ပြီး Luhan့ကိုပြုံးလို့
ခေါင်းငြိမ့်ပြကာ Sehunက အိမ်ရှေ့သို့ထွက်သွားသည်။

ကားတံခါးဖွင့်ခါနီးကျမှ ပြန်လှည့်လာသဖြင့် ဘာပစ္စည်း
ကျန်ခဲ့လို့လဲလို့ Luhanမေးမည်ပြင်ခိုက် Sehunမှပြုံးကာ
Luhan့ခေါင်းကိုလက်ဖဝါးဖြင့်ခပ်ဖွဖွအုပ်ချေပြီး

"ဂရုစိုက်သွားနော်"

Sehunကားထွက်သွားပါမှ Luhanမှာ ပွယောင်းသွား
သည့်ဆံပင်များကို ဟိုဖိဒီဖိဖြင့် ပြုံးရယ်လျက် ကျန်နေခဲ့
သည်။ အချိန်ကိုက်ပင် အိမ်တံခါးမကြီးရှေ့နားလာရပ်
သည့် အငှားယာဉ်ကြောင့် Luhan ကွေးနေသည့်
နှုတ်ခမ်းများကို ကမန်းကတန်းပြန်လည်ဆွဲတန့်လိုက်ရပါ
သေးသည်။

The years I have loved him Where stories live. Discover now