Act Eleven

8.6K 1.3K 167
                                    

"စီနီယာ Luhanက ချေလိုက်တာ"

"ဒါပေမဲ့လဲ ...... "

"ချေတာကိုပဲ ကြိုက်တယ်"

Sehun ရှေ့က ပထမနှစ်ကျောင်းသူနှစ်ယောက်က
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အော်ဟစ်နေ
ခဲ့ကြသည်။ Sehun ထမင်းပန်းကန်ကိုမလိုက်ပြီး
တခြားစားပွဲဆီသို့ရွှေ့လာခဲ့ပါသည်။

သူတို့ပြောနေသည့် စီနီယာ Luhan ဆိုတာ အရင်
တပတ်က Sehun ကူညီပေးခဲ့သည့်အစ်ကိုကြီးတွေ
ထဲက တစ်ယောက်ဖြစ်သည်။ တိတိကျကျဆိုရလျှင်
Sehun တယောက် ဘာမှမသိသည့် Fan Art Club
ဆိုသည့် Clubထဲကို ဝင်ဖြစ်သွားအောင် လုပ်ခဲ့သည့်
တစ်ယောက်ဖြစ်ပါသည်။

Sehunကတော့ ပုံဆွဲရမည်ဆိုတာထက် ထိုသူပန်းချီ
ဆွဲတာကို ထိုင်ကြည့်ချင်မိသည့်စိတ်ဖြင့် ကလပ်ထဲဝင်ခဲ့
ခြင်းဖြစ်ကြောင်းဝန်ခံရပါမည်။

သူသိချင်မိသည်။

ထိုစီနီယာ ပန်းချီဆွဲလျှင် မည်သို့သော ကိုယ်နေဟန်ထား
ဖြင့်ရှိမည်နည်း ? စိတ်လိုလက်ရပြုံးနေလျှင် မည်သို့
အပြုံးမျိုးဖြစ်မည်နည်း ? မျက်မှန်ချွတ်လိုက်လျှင်
ဘယ်လိုပုံစံမျိုးဖြစ်မည်နည်း ? ထိုစီနီယာ့မျက်လုံးတွေက သိပ်လှသည်ဟု ကြားဖူးသည် ။

"ဟေ့ Sehun "

ထမင်းကိုတလုံးချင်းစီစားကာ တွေးတောမိနေရင်းမှ
တယောက်ယောက် ပခုံးလာပုတ်လိုက်သောကြောင့်
Sehun မော့ကြည့်မိလိုက်သည်။

အတန်းထဲကတယောက်က ထုံးစံအတိုင်း Sehunကို
သူတို့ကလပ်ထဲဝင်ဖို့ လာရောက်ပြောကြားခြင်းဖြစ်ပါ
သည်။ Sehun ပထမအေးဆေးငြင်းပါသော်လည်း စကားတို့က များလာသည့်အတွက် သူကလပ်တစ်ခုတွင်
စာရင်းသွင်းပြီးဖြစ်ပါကြောင်းပြောခဲ့လေသည်။

"ဟာ မင်းကလဲ ဘယ်ကလပ်လဲ လုပ်ပါဦး"

ပြောမည်ပြင်ပြီးမှ မျက်မှန်အောက်ကစိတ်ရှုပ်သည့်အမူအရာတို့ကို ပြန်မြင်ယောင်မိသည်။ Sehunကြောင့်
ပထမနှစ်ကျောင်းသားတော်တော်များများ ကလပ်ထဲသို့
ရောက်လာပါသည်ဟု သိသွားရလျှင် ထိုစီနီယာသဘော
မကျလောက်ဘူးထင်သည်။

"ဒီလိုပါပဲ ငါသွားတော့မယ် assignmentလုပ်စရာ
ရှိသေးလို့"

deadlineဝေးသေးသည့် assignmentကို
အကြောင်းပြပြီး Sehun ထွက်လာခဲ့သည်။

The years I have loved him Where stories live. Discover now