Act Fifty-four

8.8K 1.1K 211
                                    

မီးဖိုပေါ်က အရှိန်ပြင်းပြင်းဖြင့် ဆူပွက်နေသည့် ဆန်ပြုတ်
အိုးကို အမှုမဲ့ အမှတ်မဲ့ စိုက်ကြည့်နေမိပြီးမှ အသိဝင်လာ
ဟန်ဖြင့် ယောက်မဖြင့်တချက်မွှေလိုက်ပြီး မီးဖိုပေါ်မှအိုး
ကိုချသည်။

အရင်နေ့တွေကအတိုင်း ၂ယောက်စာပြင်ဆင်ထားပြီးဖြစ်
သော ပန်းကန်၊ ရေခွက် ၊ ဇွန်း ၊ လက်သုတ်ပုဝါများမှာ
စားပွဲပေါ်တွင် အဆင်သင့်ရှိနေသည်။

ကြက်သားဆန်ပြုတ်ကို ၂ပန်းကန်ခွဲထည့်ပြီး စားပွဲနား
သယ်လာလို့ စားပွဲပေါ်နေရာချထားလိုက်ပါသော်လည်း
အတူတူစားမည့်သူတော့မရှိပါ။

သို့သော် Sehun စားပွဲမှာဝင်ထိုင်လိုက်ပြီး ထိုင်သူမရှိ
သည့် ဘေးနားဘက်ခြမ်းကိုကြည့်နေလိုက်မိသည်။

ဒီတခေါက်ကျမှLuhanနားကို ဘယ်လိုပြန်သွားရမည်
မှန်းမသိပဲ Sehunမှာယောက်ယက်ခတ်နေသည်။

အနားသို့တိုးမိတိုင်း သူပြန်ရနေသည်မှာ မျက်ရည်တွေ
ကြီးပဲဖြစ်လို့ သူရှေ့ဆက်ပြီးမတိုးဝံ့ဖြစ်နေရသည်။

အချိန်ပေးလျှင်တော့ဖြင့်၊ Luhanကို တယောက်တည်း
နေဖို့ အချိန်ပေးလိုက်လျှင်တော့ဖြင့် အတိုင်းအတာတစ်ခု
မှာ ပြန်အဆင်ပြေလာမည်ထင်ပါသည်။

သို့သော် Sehunကတော့ အခု အရမ်း လွမ်းဆွတ်နေမိ
ပါသည်။

"ဆရာလေး …… "

"………သြော် အန်တီလီ ရောက်လာပြီလား ?
ကျွန်တော့်ကိုဒါလေးတွေတချက်လောက်ကူသိမ်းပေးပါ
ဦး ကျွန်တော်အလုပ်သွားတော့မယ်"

တစက်ကလေးမျှပင် မတို့မထိရသေးပါသော မနက်စာ
များကို လက်ညှိုးထိုးပြလျက် Sehun ထိုင်နေရာမှ ထရပ်
လိုက်သည်။ ထမင်းစားပွဲနားမှ ထွက်သွားမည့်အချိန်မှာ
တော့ အန်တီလီမှာ စိုးရိမ်တကြီးလေသံဖြင့်ဆိုပါသည်။

"နည်းနည်းပါးပါးလေးတော့စားသွားပါဦးလားကွယ်"

"ကျွန်တော်ဗိုက်မဆာလို့ပါ ရပါတယ်"

ခေါင်းငြိမ့်ပြုံးပြလျက် ထွက်သွားပေမဲ့ နွမ်းနယ်နေသည့်
မျက်နှာလေးကို စိတ်မကောင်းဖြစ်စွာကြည့်နေရုံမျှသာ
အန်တီလီတတ်နိုင်လေသည်။

The years I have loved him Where stories live. Discover now