စိုင်း : Ok

လင်း : ကျောင်းကို မနက်ဘယ်ချိန်ရောက်လဲဟင်

စိုင်း :  ကျောင်းမတက်ခင် ၁နာရီလောက်တော့ စောရောက်တတ်တယ်

လင်း : ဒါဆို ကျွန်တော် ကျောင်းမတက်ခင် မုန့်ဈေးတန်းမှာ
စောင့်နေမယ်နော်

စိုင်းရှင်းယံက seen ပြပြီး reply မပြန်တော့ချေ။

လင်း ရင်ထဲမှာတော့ ပန်းများပွင့်နေသည်။
နောက်ဆုံးတော့ စိုင်းရှင်းယံနဲ့ စကားတွေဘာတွေပြောနိုင်ခဲ့ပြီ....
လင်း၏ မျက်နှာသည် လပြည့်ဝန်းကြီးကဲ့သို့ ပြုံးဖြီးသွားသည်။

မနက်ဖြန်လည်း ထပ်တွေ့ရဦးမှာပါလား....
ဒီညတော့ လင်း အိပ်ပျော်ပါ့မလားတောင် မသိနိုင်ချေ။

************************************************************************

မနက်ခင်းသည် ယနေ့ပိုသာယာနေသည်။
လင်း သည် မုန့်ဈေးတန်းတွင် ထိုင်ရင်း စိုင်းရှင်းယံအလာကို
ထိုင်စောင့်နေသည်။မုန့်ဈေးတန်းမှ တစ်ဆင့် ကျောင်းဂိတ်ဝကို လှမ်း၍ မင်နိုင်သောကြောင့် လည်ပင်းတဆန့်ဆန့်နှင့်
စိုင်းရှင်းယံအလာကို ကြည့်နေရသည်။ လင်း တစ်ယောက်ထဲတော့ မဟုတ်ပါ။ ကျန်တဲ့ ဟိုလေးယောက်ပါ လင်း နှင့်အတူ စိုင်းရှင်းယံကို ဝိုင်းမျှော်နေကြသည်။ စိုင်းရှင်းယံ...လမ်းမှာခလုတ်များတောင် တိုက်မလားမသိ။ 

ကျောင်းဂိတ်ဝတွင် တောက်ပပြောင်လက်နေသော အဖြူရောင်ကားတစ်စင်းရပ်သည်။ ထို့နောက် ထိုကားပေါ်မှ စိုင်းရှင်းယံ ကျောပိုးအိတ်ကိုလွယ်လျက် ဆင်းလာသည်။

စိုင်းရှင်းယံကိုတွေ့သည်နှင့် လင်း မျက်နှာလင်းလက်သွား၏။

စိုင်းရှင်းယံက ကျောင်းထဲသို့ ဝင်လာပြီးနောက် မုန့်ဈေးတန်းသို့ပင် တည့်တည့်မတ်မတ်လာလေသည်။ လင်းကို နိုးနိုးက
လက်တို့၍ ပြောလိုက်သည်။

" စိုင်းရှင်းယံလာနေပြီ ...နင်သွားခေါ်လေ..."

" အော် ....အေး"

လင်း...ထိုင်နေရာမှထကာ စိုင်းရှင်းယံဆီသို့ လျှောက်သွားလိုက်သည်။ စိုင်းရှင်းယံက လင်းကို တွေ့သွားသည်။
သူတို့နှစ်ယောက်တစ်ခွန်းမှ မဆိုသေး.....လင်းက ရေခဲသေတ္တာရှေ့ချထားသည့် milo ရောင်းသော ဆိုင်သို့ဦးတည်သွား၍  စိုင်းရှင်းယံက အနောက်မှလိုက်လာသည်။ မုန့်ဈေးတန်းကတော့ ထုံးစံအတိုင်း စိုင်းရှင်းယံရောက်လာသောကြောင့် တီးတိုးသံများနှင့် ဆူပွက်သွားလေသည်။ မနက်ခင်း လူသိပ်မရှိသေးလို့သာ တော်တော့သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now