ဒါပေမယ့်လည်း စွန့်စားရမှာပေါ့...စကားတော့ သွားပြောရမှာပေါ့...ပြောမယ် ပြောမယ်

ဘယ်လိုစပြောရမလဲ.....

" အား...သေတော့မှာပဲ"

လင်း ပေါက်ကွဲသံစဉ်ဖြင့် ဟစ်အော်လိုက်မိသည်။ စိုင်းရှင်းယံကို စာရေးတစ်လုံးရိုက်ပို့ဖို့ ဘာလို့ဒီလောက်စိတ်ဖိစီးမှုများနေရတာလဲ....

စိုင်းရှင်းယံက သူ့ကို သိသွားတာ သေချာနေတာပဲ...
ဘာမှမကြောက်ဘဲ လုပ်လိုက်တာပေါ့.....

လင်း : Hi

တစ်လုံး ပို့ခဲ့နိုင်ခဲ့ပြီ....နောက်ဆုံးတော့....
လင်း...လက်ချောင်းလေးများကတော့ အေးစက်လာနေသည်။

လင်း : ကျွန်တော့်ကိုမှတ်မိလား.....နေ့လည်က ကိုကြီးမျက်မှန်ကို တက်နင်းမိလိုက်တဲ့တစ်ယောက်လေ

ထိုစာကြောင်းကို ပို့ပြီးနောက် လင်း ရင်ခုန်စွာ စောင့်မျှော်နေမိသည်။ စိုင်းရှင်းယံသည် Active ဖြစ်နေသည်။
သို့သော် လင်း message ကို ခုထိ seen မပြသေးပေ။
လင်း လက်သည်းကိုက်နေမိသည်။ ဒီလိုတော့
Conversation ကို ထိုင်ကြည့်နေ၍ မဖြစ်သေးပါ။

ဖုန်းကို ပိတ်လိုက်ပြီး လင်း အောက်နှုတ်ခမ်းကို နာနာဖိကိုက်နေမိသည်။

Reply ပြန်ပါစေ...reply ပြန်ပါစေ.....
Reply ပြန်ဖို့ ဘာလို့ အဲ့လောက်တောင်ကြာနေရတာလဲ

ကတောင်!

စာရောက်ပြီ...
ဘုရားမလို့ စိုင်းရှင်းယံဆီက စာဖြစ်ပါစေ....

လင်း ဖုန်းကို ကမန်းကတမ်းဖွင့်ကြည့်သောအခါ စိုင်းရှင်းယံဆီက စာဖြစ်နေမှန်းသိလိုက်၍ ထခုန်မတတ်ပျော်ရွှင်မိသွားသည်။

လင်း စာပို့ပြီး စိုင်းရှင်းယံက ၁၅မိနစ်ကြာမှ Reply ပြန်ခြင်းဖြစ်သည်။

စိုင်း : မှတ်မိပါတယ်

yay...မှတ်မိတယ်တဲ့....စိုင်းရှင်းယံက ငါ့ကို မှတ်မိတယ်တဲ့
ဘာပြောရမလဲ...ဘာဆက်ပြောရမလဲ....

လင်း : မျက်မှန်အတွက် အားနာလို့ ကျွန်တော်  Milo ဝယ်တိုက်ပါရစေ.....

ဒုတိယအကြိမ် Reply ကိုစောင့်ရသည်။ ခဏနေတော့
reply ရောက်လာသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now