မေမေ့လက်လေးအား အမြဲတမ်းတွဲထားတတ်သည်ကို Luhanသတိရသည်။ မေမေ့ပါးလေးကို ခိုးခိုးနမ်းတတ် တာကိုLuhan တွေ့ဖူးသည်။ ဒီလိုလူမျိုးက……Luhanအချစ်တတ်ဆုံးလို့မှတ်ခဲ့သည့် ထိုသို့သောလူမျိုးက တခြားမိန်းမတယောက်နဲ့ဖောက်ပြန်ပြီး မေမေ့ကို
သစ္စာဖောက်ခဲ့တယ်တဲ့လားလေ။

"ဟက်……မေမေ ။ မေမေ ကျွန်တော်ဘာဆက်လုပ်ရ
မှာလဲ ?"

"သားအဖေထွက်သွားတာကို မေမေ ဝမ်းမနည်းခဲ့ဖူးဘူး
သား သူ့ကိုစိတ်နာလားဆို အင်း မေမေစိတ်နာပါတယ်
ဒါကြောင့် မေ့ပစ်လိုက်တယ် ဒါမဲ့ ငါ့သားကမမေ့နိုင်ပဲ
မေမေသိတဲ့မေမေ့ကလေးမဟုတ်တော့တဲ့နှစ်တွေအတွက်
မေမေအရမ်းခံစားခဲ့ရတာ။ ငါ့သားမေ့သွားတော့ မေမေ
ဒီအတိတ်တွေကို ဖျောက်ပစ်လိုက်ရုံကလွဲ မတွေးတတ်
ခဲ့ဘူး။ သားဖေဖေ့ကို သားဆက်မမုန်းစေချင်ခဲ့ဘူး ဒီအဖြစ်
ကြီးကို တကယ်ပဲမေ့ပစ်လိုက်စေချင်မိတယ်"

Luhan ခေါင်းကို တဖွဖွပုတ်ပေးပြီး မေမေက ထိုစကား
များကို ဖြည်းညင်းစွာဆိုခဲ့သည်။ မေမေ့ကိုမော့ကြည့်နေ
သည့် Luhan မျက်လုံးထဲတွင် မျက်ရည်မရှိတော့။

"သားSehunကိုလဲ မေမေပဲအကူအညီတောင်းခဲ့တာပါ
ဒီကိစ္စမှာ သားSehunရဲ့အမှားမပါ ပါဘူး"

Luhan မျက်နှာလွှဲလိုက်မိကာ ရှေ့တူရှုသို့ အဓိပ္ပာယ်မဲ့
လှမ်းငေးကြည့်မိသည်။ သူ့ခေါင်းကအတွေးတွေဗလာဖြစ်
ပြီး ကောင်းစွာအလုပ်မလုပ်တော့။ မည်သည်ကမှားသည်။
မည်သည်ကမှန်သည် မခွဲခြားနိုင်တော့ပဲ တစုံတခု
ကြီးကြီးမားမားဆုံးရှုံးရသွားသည့်နှယ် ရင်ဘတ်ကြီးက
လစ်ဟာနေသည်ဟု ခံစားနေရသည်။

Luhanမေမေက တွေဝေငေးငိုင်သွားသည့်Luhanကို
စိတ်မကောင်းစွာ၊ ယူကြုံးမရစွာဖြင့်ကြည့်ရင်း အားမရှိ
သည့်ခန္ဓာအား အသာအယာထွေးပိုက်ပေးလာသည်။

"သားSehun က သားငယ်ကို ထပ်ဝမ်းမနည်းစေချင်
တော့လို့ မေမေ့ကိုကူညီပေးခဲ့တာပါ သူကသားကိုသိပ်
ချစ်တာ"

ထွေးပွေ့ထားသည့် မိခင်ဖြစ်သူ၏လက်ကို ပြန်လည်ပွေ့
ပိုက်လိုက်ပြီး Luhan မျက်စိစုံမှိတ်ချလိုက်သည်။

The years I have loved him Where stories live. Discover now