ဖေဖေက ဘာလို့လဲ ? ဘာလို့သူတို့နဲ့အတူမရှိပဲ တခြား
သူတွေရဲ့မိသားစုအဖြစ်ရှိနေရတာလဲ ? ဒါကိုဘာလို့မေမေ
က ဆုံးသွားတဲ့လူအဖြစ် သူ့အား ရိုက်သွင်းခဲ့သနည်း ?

Sehun ကရော ? Sehunကရော ဘာလို့ သူ့ကို အဖြစ်
မှန်မပြောပြခဲ့သနည်း။

Luhan မျက်ရည်တို့ဖြင့်စိုရွှဲနေသည့် မျက်နှာကို အကြမ်း
ပတမ်းပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ကားစက်နှိုးသံကိုကြားရသည်။ Sehun ထွက်သွားပြီထင်
ပါသည်။

မိနစ်ပိုင်းလောက်အတွင်းမှာပင် မေမေသည် အိမ်အပေါ်
ထပ်သို့ပြန်ရောက်လာပြီး Luhan အခန်းထဲသို့ဝင်လာ
ခဲ့သည်။ ကုတင်ပေါ်တွင်ထိုင်နေသည့် Luhanဘေးနား
ဝင်ထိုင်လိုက်ကာ Luhanပခုံးကိုညင်ညင်သာသာခပ်ဖွ
ဖွပွေ့ဖက်လိုက်သည်ကိုကြည့်ခြင်းဖြင့် မေမေ ဘာဖြစ်ခဲ့
သည်ကို သိသွားလေပြီဟု Luhanမှတ်ပါသည်။

"ဘယ်အချိန်တည်းကလဲ ?"

"သား အထက်တန်းဒုတိယနှစ်မတက်ခင်မှာ မေမေ
တို့အိမ်ကို သူနောက်ဆုံးအနေနဲ့ရောက်လာတယ်……
ပြောတယ်

သူ တာဝန်ယူရမဲ့ကိစ္စရှိတယ်တဲ့

တဖက်အမျိုးသမီးမှာ သူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီတဲ့"

ပေါင်ပေါ်တင်ထားသည့်Luhan လက်တွေကို တင်းတင်း
ကျပ်ကျပ်ဆုပ်လိုက်မိသည်။ ရင်ထဲမှာ စို့နင့်သွားသည့်ခံ
စားချက်ကိုမမှီ။

အစိုးရဝန်ထမ်းဖြစ်လို့ တနယ်ပြီးတနယ်ပြောင်းရွှေ့နေရ
သည့် ဖေဖေ့နောက် သူတို့သားအမိမလိုက်နိုင်ခဲ့သော်
လည်း ဖေဖေသည် အိမ်ပြန်လာလျှင် အမြဲတမ်း အပြုံး
တွေအပြည့် ပျော်ရွှင်မှုတွေအပြည့်နှင့်ဖြစ်ခဲ့သည်။

မိသားစုတွေဈေးဝယ်ထွက်ကြသည်။ ထမင်းဟင်းတွေ
ချက်စားခဲ့ကြသည်။ အိမ်မှုကိစ္စလုပ်နေသည့် မေမေ့ကို
သူတို့သားအဖတွေနှောင့်ယှက်ခဲ့ကြသည်။ တလနှင့်တလ
မတက်လာသည့်အဆင့်တွေကို ဖေဖေကဘယ်တုန်းကမှ
အပြစ်မပြောခဲ့။ Luhan၏ပန်းချီကားချပ်တွေကို အမြဲ
တစေအမွှန်းတင်တတ်သေးသည်။ တလောကလုံးမှာ
Luhan အချစ်ဆုံး ၊ တန်ဖိုးအထားဆုံးနှင့် အလေးစား
ဆုံးက ဖေဖေဖြစ်ခဲ့သည်။

The years I have loved him Where stories live. Discover now