ရိပ် : ဟယ် တကယ် Wow တွေချည်း ပေးပစ်တာပဲ

နိုးနိုး : ဒါနဲ့ မဒီက မမစုံစမ်းခိုင်းထားတာတွေ စုံစမ်းပြီးပြီလား

မဒီ : yes

လင်းက မဒီ့ ဘက်သို့ စောင်းကြည့်ကာ " ဘာတွေစုံစမ်းခိုင်းတာလဲ " ဟူ၍ ပါးစပ်ကမေးလိုက်သည်။ မဒီက ဘာမှ ပြန်မပြောဘဲ ဖုန်းတွင် အသည်းအသန် စာရိုက်နေသည်။
ခဏကြာသော် မဒီ့ထံမှ စာအရှည်ကြီးရောက်လာသည်။

မဒီ : စုံစမ်းမိသလောက် စိုင်းရှင်းယံက lgbt ကိုမုန်းတဲ့ အနေအထားမရှိဘူး။ သူ့မွေးနေ့က 12ရက် 12 လပိုင်းပဲ။
တစ်ဦးတည်းသောသား။ အဖေက မြန်မာပြည်ဖွားတရုတ်...
Company ပိုင်ရှင်သူဌေးပဲ ...အမေက ရှမ်းမ ဖြစ်ပြီးတော့ ဆရာဝန် ...။ စိုင်းရှင်းယံက စာဖတ်တာ...သီချင်းဆိုတာ...ပန်းချီ ဆွဲတာတွေ ဝါသနာပါတယ်။ သူက များသောအားဖြင့် ဘာသာပြန်နဲ့ လျို့ဝှက်နက်နဲ..ရင်ထိတ်သည်းဖိုတွေ
ဖတ်တာများတယ်...တစ်ခါတစ်လေ အချစ်ဝတ္ထုတွေ...
ဒသန စာပေတွေဖတ်တယ် ...။ ပန်းချီကားတွေဆိုရင်
စိတ္တဇပန်းချီကို ပိုသဘောကျပုံရတယ်။ သီချင်းတွေဆို
ရိုးရိုးအေးအေးလေးတွေ ကြိုက်တဲ့ပုံပဲ...

" မီးမီး...နင် ဒါတွေ ဘယ်လိုစုံစမ်းလိုက်တာလဲ"

message ကိုဖတ်ပြီးပြီးချင်း လင်း အံ့သြတကြီး မေးမြန်းလိုက်မိသည်။ မဒီက မျက်စိတစ်ဖက်မှိတ်ပြသည်။

" မိန်းကလေးတွေရဲ့ အစွမ်းလေ...သူ့account ထဲ ဝင်မွှေလိုက်တာနဲ့ အကုန် ခန့်မှန်းလို့ရတယ် ...."

" ဒါပေမဲ့ သူ့မိဘရဲ့ အလုပ်အကိုင်တွေရော...လူမျိုးတွေရော... ဝါသနာရော ကြိုက်တဲ့စာအုပ်အမျိုးအစားတွေရော...ဘယ်လိုသိတာလဲ"

" သြော် ...ဒါက သူ့အမေက သူ့ကို tag တွဲထားတဲ့ Post ကနေ သူ့အမေ account ကိုရှာ...သူ့ အမေ တင်ထားတာတွေ ကြည့်ရင်း သူ့မိဘရဲ့ အလုပ်အကိုင်တွေသိတာ..
စာအုပ်အမျိုးအစားကကျတော့ စိုင်းရှင်းယံက သူ့လတ်တလော ဖတ်တဲ့စာအုပ်တွေကို Recommand ပေးလေ့ရှိတယ်...အဲ့ကနေ ခန့်မှန်းတာပေါ့။ စိုင်းရှင်းယံက သူကိုယ်တိုင်
စိတ္တဇ ပန်းချီတွေဆွဲပြီးတင်ထားတာပဲ...အဲ့တော့ စိတ္တဇပန်းချီကို သဘောကျတယ်လို့ ယေဘုယျခန့်မှန်းလိုက်တာ"

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now