" မီးမီး...နင် ထမင်းပွဲကြိုပြင်ထားလိုက်"

ယွန်းစုမဒီကို အမိန့်ပေးစေခိုင်းပြီးနောက် လင်းလည်း
ရေချိုးခန်းထဲသို့ တပတ် တစ်ထည်နှင့်ဝင်သွားသည်။ ယွန်းစုမဒီက လင်းကိုမျက်စောင်းခဲ၍ နှာရှုံ့သည်။

************************************************************************

" သားသား....ဒါဘာတွေလဲ..."

ရေချိုးခန်းထဲက ထွက်ထွက်လာခြင်း မြင်တွေ့လိုက်သော
မြင်ကွင်းက လင်းကို တုန်လှုပ်သွားစေသည်။ ယွန်းစုမဒီက
သူ့ဖုန်းကို ကိုင်ထား၍ ဖုန်းတွင်ပေါ်နေသော ပုံများက
စိုင်းရှင်းယံ ရဲ့ပုံတွေ....

" ဟဲ့...ငါ့ဖုန်းကို ယူမကိုင်ပါနဲ့ဆို..."

လင်း...မျက်လုံးပြူးမျက်ဆံပြူးနဲ့ ယွန်းစုမဒီလက်ထဲမှ ဖုန်းကို ဆွဲလုလိုက်သည်။ ယွန်းစုမဒီက သူ့ကို လက်ပိုက်၍ ကြည့်နေသည်။

" အဲ့တာ ကျောင်းက စိုင်းရှင်းယံရဲ့ ပုံတွေမလား....ဘာလို့
အဲ့ပုံတွေကို လော့ခတ်ပြီး သိမ်းထားတာလဲ..."

" အဲ့...အဲ့တာက...."

လင်း တုန်တုန်ချိချိဖြစ်လာသည်။ ယွန်းစုမဒီကတော့ သူ့ကို
မျက်လုံးလှန်၍ ကြည့်နေသည်။ လင်း...ယွန်းစုမဒီကို ငုံ့ကြည့်၍ အော်ငေါက်လိုက်သည်။

" ဒါနဲ့ နင်က ငါ့ Password တွေကို ဘယ်လိုသိတာလဲ"

" မသိဘဲနေမလား...နင်က နင့်password မှန်သမျှကို
အဖွား ဖုန်းနံပါတ် ထားနေတဲ့ ကိစ္စကို..."

" ဒါပေမဲ့ ငါ့ဖုန်းကို နင်ယူကိုင်စရာလား...ယောက်ျားလေးဖုန်းကို....ငါ...မဟုတ်က ဟုတ်က ဗီဒီယိုတွေထည့်ထားရင် ဘယ်လိုလုပ်မလဲ"

" အဲ့လို မဟုတ်ကဟုတ်က ဗီဒီယိုထည့်ထားတာကမှ
သဘာဝကျဦးမယ်. .ဘာလို့ စိုင်းရှင်းယံရဲ့ ပုံတွေလဲ..."

လင်း...ထူပူလာသည်။ သူ့ခေါင်းထဲတွင် အဖြစ်နိုင်ဆုံးသော
ဆင်ခြေတွေကို အလျင်အမြန်စဉ်းစားနေသည်။

" ဒီတိုင်း...သူ့စတိုင်ကို သဘောကျလို့....သူ့အင်္ကျီ..ဘောင်းဘီတွေက အရမ်းမိုက်တယ်...ငါအဲ့တာမျိုး ဝယ်ဝတ်မလို့...
လော့ခတ်ထားတယ်ဆိုတာက သူများမြင်ရင် တစ်မျိုးထင်မှာ စိုးလို့...."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now