"ငါအိမ်ပြောင်းတော့မယ်"

"ဗျာ…………"

မနက်စာဆက်မစားနိုင်တော့ပဲ Sehun မှင်သက်သွား
သည်။ ခေတ္တမျှ စကားဆက်မဆိုနိုင်ဖြစ်သွားသည်ကို Luhanသည် ခေါင်းငြိမ့်ပြလာကာ

"အခုအခန်းကကျဉ်းတယ်လေ မင်း တက်ကြည့်
ကြည့်ပါလား တအိမ်လုံး ပန်းချီကားတွေကြီးပဲ ငါနေ
စရာမရှိတော့ဘူး…"

ခပ်နွေးနွေးဖြစ်နေပြီးဖြစ်သည့် ကော်ဖီကြွေခွက်ကို
ကောက်ကိုင်လိုက်ပြီး တငုံလောက်သောက်ပြီးကာမှ
Luhanဆိုသည်။ ထို့နောက် ငြိမ်နေသည့် Sehunကို
ပြန်ကြည့်လာပြီး

"မင်းကိုအကူအညီတောင်းဖို့လေ … လူသူတိတ်ဆိတ်
တဲ့နေရာဖြစ်ရမယ် ကျယ်ကျယ်ဝန်းဝန်းလည်းရှိရမယ်
အခန်းကတော့ သင့်သလောက်ပေါ့ ငါ့နယ်ကအိမ်သိ
တယ်မလား နည်းနည်းတော့ကျဉ်းတယ် ဒါမဲ့ အိမ်
အတွင်းပိုင်းပုံစံကိုအဲ့လိုလေးလိုချင်တာ……"

".………."

"ဈေးကတော့ ပြဿနာမရှိဘူး ငါတို့နှစ်ယောက်မျှခံရမှာ
ပဲဟာ"

"ဗျာ !"

တဗျာဗျာဖြင့် စကားရှေ့ဆက်မတက်တော့သည့် Sehun ကို Luhanက မကျေမချမ်းကြည့်သည်။

တဝက်တိတိကျန်သေးသည့် ဆန်ပြုတ်အား ခပ်မြန်မြန်
ပင် ခပ်သောက်လိုက်ပြီး ပေါင်မုန့်တချပ်ကို ယိုမသုတ်
ထောပတ်မသုတ်ပဲပါးစပ်ထဲဒီအတိုင်းပစ်ထည့်လို့
ကော်ဖီဖြင့်မျောချကာ Luhanထမင်းစားပွဲဝိုင်းမှထသည်။

"တဗျာဗျာ နဲ့ ငါတို့အတူနေမှာမဟုတ်ဘူးလား
အိမ်လိုက်ရှာထားလိုက်တော့ ငါနောက်ကျတော့မှာမို့
သွားနှင့်ပြီ"

မြန်မြန်ဆန်ဆန်ပင် လက်ပြနှုတ်ဆက်ပြီး မီးဖိုခန်းထဲမှ
ပြေးထွက်သွားသည့် Luhanကို Sehun လိုက်ပင်
မကြည့်နိုင်ခဲ့။ အသိရယ်လို့ ပြန်ဝင်လာသည့်အချိန်၌
မနက်ကိုးနာရီပင်ကျော်လို့ ရုံးအဝင်နောက်ကျတော့မည့်
အချိန်ရောက်နေခဲ့ပြီ ။ မနက်စာအဖြစ် ဆန်ပြုတ်သည်
လည်း အေးစက်နေခဲ့ပြီဖြစ်ပါသော်လည်း Sehun
အတော မသတ်ပြုံးရယ်မိပြန်ပါပြီး ထိုမနက်စာအေးစက်
စက် ဆန်ပြုတ်ကိုသာ ကုန်အောင်သောက်ချေတော့
သည်။

The years I have loved him Where stories live. Discover now