မနက်စာကိုတောင် ဆက်မစားတော့ပဲ ထမင်းစားပွဲပေါ်
လက်ထောက်လျက် ပြုံးပြုံးနေကာ နားထောင်နေသည့်
Sehunကြောင့် Luhan က မျက်မှောင်ကျုံ့လာပါသည်။"ဘာဖြစ်နေတာလဲ ?"
"ဟမ် !! အာ ဘာမှမဖြစ်ပါဘူး"
ချောင်းတချက်ဟန့်လိုက်ပြီးနောက် Sehunက မနက်စာ
ကိုလက်စသတ်သည်။ Luhanစားပြီးသားပန်းကန်ကို
လည်း ဆွဲယူလိုက်ပြီး ဘေစင်မှာဆေးနေသည့်အချိန်
Luhanက အနားသို့ရောက်လာပါသည်။"အတန်းဘယ်အချိန်ပြီးမှာလဲ "
"သုံးနာရီခွဲ ပြီးမှာ "
"အလုပ်တွေရှိသေးလား ?"
"အင်း ဒီနေ့တော့မရှိဘူး"
"ကောင်းတယ် ငါလာခဲ့မယ်"
"ဗျာ !"
Sehun အံ့သြလွန်းကြီးစွာဖြင့် ပန်းကန်ဆေးနေသည်ပင်
ရပ်သွားရပြီး လှည့်ကြည့်လိုက်မိသည်။ Luhanက
အတည်ပြောနေခြင်းဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည့်
နောက်မှာ Sehunမျက်နှာပြုံးလာခဲ့ပါသည်။ အပြုံးတို့
မရပ်တော့ဘူးရှိသည်ကို Luhanကစိုက်ကြည့်ပြီးနောက်
ငတုံးလေး ဟုခပ်တိုးတိုးရေရွတ်ကာမှတ်ချက်ချပြီး အနား
ကထွက်သွားခဲ့သည်။Sehun၏ တနေ့တာသည် ထိုအချိန်မှစ သာယာခဲ့တာ
ဖြစ်ပါသည်။တမနက်ခင်းလုံးနှင့်တနေ့လည်ခင်းလုံး အချိန်တွေက
ကုန်တာမြန်လွန်းခဲ့သည်။ Sehun စိတ်စောနေလို့လဲ
ဖြစ်ပါလိမ့်မည်။ မျက်နှာကပြုံးနေမိ၍ ပါမောက္ခတွေ
မျက်စိကျပြီး စာလဲခဏခဏအမေးခံရသည်။ Sehun
ကပြုံးနေတုန်းပင်။ သမဂ္ဂရုံးခန်းသို့ပင်ဝင်လိုက်ပြီး
စကားတွေအများကြီးပြောလိုက်သေးသည်။ လူတိုင်းက
တအံ့တသြဖြင့် Sehunကို ပျော်စရာရှိနေပုံရတယ်ဟု
ဆိုခဲ့ကြသည်။နေ့လည်ဘက်အတန်းချိန်ပြီးသည့်နောက်မှာလည်း ထူး
ထူးခြားခြားဗိုက်မဆာပေမဲ့ Sehun ကန်တင်းသို့လျှောက်
သွားခဲ့သည်။"အတန်းဆင်းရင်လာမယ်ဆိုတော့ dateဖို့များလား ?
ပန်းချီပစ္စည်းတွေသွားဝယ်ချင်လို့ထင်တယ် အဲ့ဒါဆို
သူ့နောက်လိုက်ရမှာ ငါဗိုက်ဆာနေလို့မဖြစ်ဘူး"
YOU ARE READING
The years I have loved him
Fanfictionကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao
Act Forty-two
Start from the beginning