"တယောက်စာတည်းထည့်လာတာလား ?"

"အင်း ခင်ဗျား လျှော့စားပြီး ကိုယ့်ကိုကျွေးလေ"

Luhanမှာ မျက်မှောင်ကျုံ့ကြည့်လာပြီး စနောက်နေသည့်
Sehunကို နှာခေါင်းရှုံ့ပြသည်။ အမှန်တော့ Sehunထည့်
လာသည့် မနက်စာတိုင်းသည် နှစ်ယောက်စာသာဖြစ်
သည်။ ဝိုင်းပြင်ပေးမည်ပြင်နေသည့် Sehunကို ပန်းကန်
တွေပင် အထိမခံပဲ Luhanက တယောက်တည်းပြင်
ဆင်နေလေသည်။

Sehun ဒီနေ့ပြင်လာသည့် မနက်စာက ကြက်ဥများများ
အသီးအရွက်နည်းနည်းနှင့်ကြော်လာသည့်ထမင်းကြော်
ဖြစ်ပြီး မနေ့ညကအစ်ကိုMinseokဆိုင်ကဝယ်လာသည့်
ချိစ်ကိတ်လည်းပါသည်။ Luhanက ထမင်းကြော်ကို နှစ်
ပန်းကန်ခွဲထည့်ပြီး Sehunရှေ့တပန်းကန်ချပေးသည်။

ထို့နောက် ဓာတ်ဘူးအပြည့်ထည့်ထားသည့်ကော်ဖီကို
ကြွေခွက်ထဲလောင်းချကာ တငုံအရင်သောက်လိုက်ပြီး
နောက် ရေခဲသေတ္တာကိုသွားဖွင့်လေသည်။

"ငါ နွားနို့ဝယ်ထားတယ် သောက်မလား ?"

"အင်း ပေးလေ ကိုယ်ကော်ဖီနဲ့ရောသောက်မယ်"

"ကော်ဖီကငါ့ဟာ မင်းကနွားနို့ပဲသောက် "

Sehunထက်ပင် Sehunဖျော်သည့်ကော်ဖီကို ပိုချစ်သည့်
Luhanကြောင့် ဒီတခါလည်း လက်မြှောက်ရပါသည်။
ရေခဲသေတ္တာထဲမှထုတ်လိုက်သည့်နွားနို့ကို ဖန်ခွက်ထဲ
ထည့်လို့ မိုက်ကရိုဝေ့ဗ်မီးဖိုထဲထည့်ကာနွှေးနေစဉ်အတွင်း
Luhanက ထမင်းစားပွဲမှာလာထိုင်သည်။

"စားလေ ဗိုက်မဆာဘူးလား ?"

အရာမယွင်းသေးသည့် ထမင်းကြော်ပန်းကန်ကို မေးငေါ့
လာပြီး Luhanဆိုသည်။ Luhanစစားမှသာ Sehun
သည်လည်း ဇွန်းကောက်ကိုင်လိုက်ပြီး မနက်စာစစား
သည်။ Sehunထင်သည်။ ဒီမနက်စာက Sehun
ဒီရက်ပိုင်းအတွင်း ပထမဆုံးစားသည့် မနက်စာဖြစ်သည်။

နွားနို့ပူပူရသည့်အခါ Luhan ကိုယ်တိုင်သွားထယူပေး
ပြီး Sehunရှေ့ချပေးလာသည်။ ဆန်းကြယ်လှသည်
မဟုတ်ပါသော်လည်း Sehunစိတ်ထဲတွင် ထူးဆန်းလို့နေ
သည်။ မနက်စာစားနေကြရင်းမှ Luhanက သူအလုပ်
တွေ အကြောင်းကို စီကုံးပတ်ကာပြောလာသည်။ ပုံမှန်
အချိန်ဆို Luhanက စကားများတတ်သည့်လူမျိုးမဟုတ်
ပါသော်လည်း Sehun ငြိမ်နေမိပြီး နားထောင်နေမိသည်။

The years I have loved him Where stories live. Discover now