ရေခြောက်သွားသည့်ဆံပင်များကို ဆီမကူတော့ပဲ အရှိ
တိုင်းဖွာလန်စေပြီး တချက်နှစ်ချက်သပ်တင်လိုက်သည်။
ရှင်းလင်းနေသည့်မျက်နှာဖြူဖွေးဖွေးလေးက နှင်းခဲလေး
နှယ်။ မှန်ရှေ့က Luhanမခွာနိုင်သေးခင်မှာပင် Sehun
က နောက်နားကနေပြီး Luhan့ကိုအနွေးထည်ထပ်ဝတ်
စေသည်။ သေချာပေါက် Sehun၏အနွေးထည်ပင်ဖြစ်နေ
ခြင်းကြောင့် Luhanကကျေနပ်သွားသည်။"ဒီတပတ် ကိုယ်တို့ အဝတ်အစားသွားဝယ်ရင်
ကောင်းမလား ?""ဘာလဲ ??"
အနွေးထည်ကိုသေသပ်အောင်ပြင်နေသည့်Luhanသည်
လှုပ်ရှားမှုရပ်သွားပြီး မျက်နှာတည်သွားကာ Sehun
ဘက်လှည့်လာသည်။ ရှုတည်တည်မျက်နှာပေးကြောင့်
Sehunကြောင်အသွားရစဉ် Luhanက"ကျွန်တော်ကSehunအင်္ကျီတွေယူဝတ်တာ
မကြိုက်ဘူးလား""အာ မဟုတ်ဘူး ကိုယ်က ခင်ဗျား သက်တောင့်
သက်သာမဖြစ်မှာဆိုးလို့""မလိုပါဘူး မဝယ်ဘူး ကျွန်တော့်အင်္ကျီတွေပြန်တော်
သွားအောင်ကျွန်တော်ကဝိတ်ပြန်လျှော့မှာ သိလား?"Sehunဘာမှပြန်မပြောနိုင်ဖြစ်သွားလေသည်။ Luhan
ကတော့ သူဝိတ်ပြန်လျှော့ကိုလျှော့မည့်အစီအစဉ်တွေ
ကို ချက်ကျလက်ကျပြောရင်းဆိုရင်း Sehunကိုလည်းရန်
လုပ်သေးသည်။ Sehunက သူ့ကို အင်္ကျီလေးတထည်
တောင်ပေးမဝတ်ချင်ပါဘူးဆိုကာ"မဟုတ်ဘူးလေ မဟုတ်ဘူး ကိုယ့်ဗီဒိုတခုလုံး ခင်ဗျား
လက်ထဲမှာပဲ ကြိုက်တာယူဝတ်လို့ရတယ်. နော်""ပြီးရော ကျွန်တော်ဝိတ်မကျမချင်းယူဝတ်မှာ"
"အင်း အင်း ဝိတ်ချမယ်ဆိုတော့ကောင်းတာပေါ့
ကျန်းမာရေးနဲ့လဲညီညွှတ်တယ်""ကျွန်တော့်ကိုဝတယ်ပြောချင်ပြန်တာလား ?"
Sehun တယောက် နိုင်အောင်မပြောနိုင်တော့ပဲ လက်
မြှောက်သွားရပါသည်။ အဝတ်ခန်းထဲမှ ဘောက်ဆတ်
ဆတ်ဖြင့်ထွက်သွားသည့် ကောင်လေးက Sehunကို
လုပ်ပေးနေကျအတိုင်းနက်ကတိုင်လေးတောင်မစီးပေး
တော့ပဲ လျစ်လျူရှုသွားသည်။Sehunမှာ လည်ပင်းမအစ်ရုံတမယ် နက်ကတိုင်ကိုအချိန်
မပေးပဲ မြန်မြန်စီးပြီး အဝတ်ခန်းအပြင်ဘက်မှစောင့်နေ
သည့် Luhan့ဆီအပြေးသွားရပါသည်။
YOU ARE READING
The years I have loved him
Fanfictionကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao
Act Twenty-four
Start from the beginning