Luhan့မှတ်ဥာဏ်တွေထဲ မိခင်ဖြစ်သူ၏ပန်းဆိုင်သို့
ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေပါသော်လည်း
အရာအားလုံးကစိမ်းသက်မနေပဲသူ့လက်တွေနှင့်အကျွမ်း
တဝင်ဖြစ်နေခဲ့သည်။

မေမေအိမ်ထဲရောက်နေသည့်အချိန်အတွင်း Luhanက
ဝယ်သူများကိုဧည့်ခံစကားပြောပြီး ပန်းစည်းနှစ်စည်း
အော်ဒါကိုလည်းလက်ခံပေးဖြစ်သည်။

မနက်ဖြန်နေ့လည်အချိန်အတိကျပို့ရမည့် ပန်းစည်းများကို
စတစ်ကာနုတ်စာရွက်ပေါ်ချရေးပေးပြီး ကောင်တာနောက်
က သင်ပုန်းမှာကပ်လိုက်သည်။ ထို့နောက် Luhan
ကောင်တာမှာထိုင်ချလို့ ရေးနေကျစာအုပ်ကလေးကို
ထုတ်လိုက်မိသည်။

ထိုအခိုက်မှာပင် မေမေ ဆိုင်တွင်းသို့ပြန်ရောက်လာပြီး
Luhan့ကိုပြုံးပြကာ နို့ကော်ဖီနွေးနွေးတခွက်နှင့် ကိတ်မုန့်
ချပ်ပန်းကန်ကိုကောင်တာပေါ်တင်ပေးလေသည်။

"မေမေ ကထမင်းကျွေးမယ်ထင်တာ"

"ကောင်လေး အခုမှ ဆယ့်တစ်ပဲရှိသေးတာ ဘာထမင်း
လဲ ? မုန့်အရင်စား"

"ထမင်းတော့ကျွေးမယ်မလား "

"ကျွေးပါ့မယ်တော်"

Luhan သဘောတကျရယ်မောလိုက်ပြီးကော်ဖီတငုံ
သောက်ကာ ကိတ်မုန့်တချပ်လုံးပါးစပ်ထဲထိုးထည့်လိုက်
သည်။ ထို့နောက် ပါးစပ်ပလုပ်ပလောင်းဖြင့် မနက်ဖြန်
ပို့ရမည့်ပန်းအော်ဒါများကို မေမေဖြစ်သူအားပြောပြနေ
သေးသည်။

"ဒါနဲ့ မေမေ"

"ဟင် ? ပြော"

"ဒီပန်းဆိုင်ကဘယ်လိုဖွင့်ဖြစ်တာလဲ ? နယ်ကထွက်လာ
တာရောကြာပြီလား"

မေမေက ပန်းများကို ရေလိုက်တောက်နေရင်းမှ Luhan့
ဘက်ကိုလှည့်မကြည့်ပဲဖြေလေသည်။ Luhanက ကိတ်
မုန့်ဝါးလိုက် ၊ ကော်ဖီသောက်လိုက်ဖြင့် ဇိမ်ကျကျနှပ်နေ
လေသည်။

"ပန်းဆိုင်က သားနဲ့သားSehunဖွင့်ပေးထားတာလေ
နယ်ကထွက်လာတာတော့ သားတို့အိမ်ထောင်တသက်
ပဲပေါ့"

The years I have loved him Where stories live. Discover now