"အာ ဒီမှာကို"
Luhanသည် ကြမ်းပြင်ပေါ်ခြေဆင်းကာ စာအုပ်စင်ကို
ကျောမှီထားပြီး စာအုပ်ပါးလေးတစ်အုပ်ကိုဖတ်နေသည်။
ထောင့်ကျသည့်နေရာဖြစ်ပြီး ထိုစာအုပ်စင်နှင့်နံရံကြား
တွင်လည်း Luhanတယောက်တည်းသာရှိခဲ့သည်။Sehunခြေသံလုံလုံဖြင့်လျှောက်သွားလိုက်ပေမဲ့
အနားသို့ရောက်ခါနီးအချိန်မှာတော့ Luhanကမော့ကြည့်
လာခဲ့သည်။ Sehunမှန်းသိသွားသည့်အချိန်မှာ နှုတ်ခမ်း
တွန့်ရုံပြုံးပြလာပြီး ခေါင်းပြန်ငုံ့သွားသည်။ Sehunကဖြင့်
လေတချက်အဝရှူရှိုက်လို့ Luhan့ဘေးနှင့်မလှမ်းမကမ်း
မှာ ခြေဆင်းထိုင်ချပစ်လိုက်သည်။စာကိုသာငုံ့ဖတ်နေသည့် Luhanသည် Sehunကို
အဖက်မလုပ်လာသေးပါ။ Sehunသည်သာ စောင်း
ငဲ့ကြည့်ပြီး သူတို့နှစ်ယောက်ကြားက အကွာအဝေးလေး
၏အလည်တည့်တည့်မှာ အအေးမပြယ်သေးသည့်
အအေးဘူးများကိုချပေးလိုက်ရသည်။ ကြမ်းပြင်ကို
လက်ညှိးဖြင့်တောက်လိုက်ကာမှ ပြန်မော့ကြည့်လာ
သည်။အအေးဘူးတွေကိုမြင်တော့ မင်းကတော့လေ ဆို
သည့်ပုံဖြင့် Sehunကို အသံတိတ်အပြစ်တင်သည်။
သို့ပေသိ လိမ္မော်ရည်ဘူးနှင့်ပန်းသီးဘူးကိုအစုန်အဆန်
ကြည့်ပြီး ပန်းသီးဘူးကိုဆွဲယူလိုက်သည်။"ငါကလိုင်ချီးပိုကြိုက်တာ"
"အင်း ကိုယ်သိပြီ"
ဘေးကိုနည်းနည်း Sehun တိုးကြည့်လိုက်သည့်နောက်
Luhanဖတ်နေသည်မှာ ကဗျာစာအုပ်တစ်အုပ်ဖြစ်မှန်း
သိရသည်။ ရယ်သံတိုးတိုးဖြင့်Luhanက testတစ်ခု
အတွက် အထောက်အကူဖြစ်အောင်ဖတ်နေတာဟုဆို
ပြန်သည်။Sehunပေါင်ပေါ်မှာလဲ ဖွင့်ထားသည့် စာအုပ်တစ်အုပ်ရှိ
နေသည်။ Sehunရဲ့စိတ်တွေ အကြည့်တွေကတော့
စာအုပ်ပေါ်မှာရှိမနေခဲ့ပေမဲ့ Luhan ပန်းသီးဖျော်ရည်
သောက်ဖို့လက်ပင့်လိုက်သည့်အချိန် Sehunသည်
လည်း လိမ္မော်ရည်ဘူးကို နှုတ်ခမ်းနားတေ့ထားသည့်
အချိန်နှင့်တိုက်နေလေ့ရှိသည်။ရွေးထိုင်နေမိကြသည့်နေရာသည် လူသိပ်မရှိသဖြင့်
တိတ်ဆိတ်သည်။ မျက်နှာချင်းဆိုင်မှာ နံရံရှိနေသည့်
အတွက် အုတ်သား၏အေးစိမ့်မှုကလည်း နေလို့ထိုင်လို့
ကောင်းစေသည်။ လိုက်ကာတပ်ထားပေမဲ့ လေတိုက်လာ
သည့်အခါ လေနှင့်အတူ ရောပါလာသည့်နေရောင်က
လည်း ခပ်နွေးနွေးအဆင့်မှာသာရှိနေသည်။
YOU ARE READING
The years I have loved him
Fanfictionကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao
Act Sixteen
Start from the beginning