ထိုဦးလေးကြီးကသူစိမ်း ၊ မေမေ့ကို အန္တရာယ်ပြုသွား
လျှင် ဘယ်လိုလုပ်မလဲ ဆိုသော စိတ်သူ့မှာရှိနေသည်။

ရတက်မအေးနိုင်သောစိတ်ဖြင့် Luhan ဆိုင်ထဲကထွက်
သည်။ ကတိုက်ကရိုက်ခြေလှမ်းများသည် ဆိုင်နောက်
ဖက်မှာထားထားသည့် အမှိုက်ပုံးကိုသွားတိုက်မိစေပြီး
Luhan ရှေ့သို့ဟတ်ထိုးယိုင်လဲသည်။

သွားပြီဆိုကာ မျက်လုံးပင်ပိတ်ထားလိုက်ပေမဲ့ ယိုင်လဲ
ကျလာသည့် Luhan့ကိုယ်ကို အရံသင့်ပွေ့ပေးထားကာ
ထိန်းပေးမဲ့သူရှိနေခဲ့သည်။

စိမ်းပြင်နေဆဲဖြစ်သည့်အငွေ့အသက်က Luhan့ကို
ချက်ချင်း ထိုဦးလေးကြီးလက်နှစ်ဖက်မှ ရုန်းကန်စေခဲ့
သည်။

အလန့်တကြား ရုန်းထွက်သွားသည့် Luhan့လှုပ်ရှား
မှုတိုင်းကို ဦးလေးကြီးကမမှိတ်မသုန်ကြည့်ပြီး တိုးတိုး
ပြောပြန်လေသည်။

"သတိထားမှပေါ့"

"…………ဟုတ်ကဲ့"

ကိုယ်ပိုင်သည့်အိမ်ပေါ် ကိုယ်ခြေစုံရပ်နေတာပေမဲ့ ထို
ှုဦးလေးကြီး၏ မျက်စိအောက်မှာ Luhan နေထိုင်ရာမရ
ဖြစ်နေသည်။

သူစိမ်းတရံနှင့်အဆက်အသွယ်လုပ်ခြင်းရှားပါးနည်းလွန်း
သည့်Luhanအဖို့ ဒီအခြေအနေက အင်မတန် ကသိ
ကအောက်ဖြစ်စေပါသည်။ သို့ပေမဲ့ သူ၏ မေမေနှင့်
သိနေသည့်မိတ်ဆွေဖြစ်နေတာကြောင့် Luhan ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး အိမ်ထဲပြေးဝင်ခဲ့ပါသည်။

"မေမေ……"

Luhan ဝင်လာသည်ကိုမြင်သည့်အခါ ဧည့်ခန်းက
ိုဆိုဖာမှာထိုင်နေသည့်မေမေက မျက်နှာတဖက်လှည့်
သွားသည်။ သေချာမတွေ့လိုက်ရပေမင့် မျက်ရည်သုတ်
လိုက်သည်ကို Luhan ခံစားမိပါသည်။

ဘေးနားမှာ ဝင်ကပ်ထိုင်လိုက်သည့်အခါ မေမေက
Luhan့ကိုပြုံးပြပြီးကြည့်လာသည်။ နဖူးပေါ်ဝဲနေ
သည့် ဆံပင်ညိုများကိုသပ်တင်ပေးပါသော်လည်း Luhan့စိတ်တွေ အေးသွားခြင်းမရှိ။

The years I have loved him Where stories live. Discover now