Murderer: Non- Human 12- Sets

Start from the beginning
                                    

Zhan Zhao က ရုပ်တုအတွင်းဘက်ပုံကို သေချာကြည့်လိုက်သည်။
"ခေါင်းဘက်မှာ အပေါက်လေးနှစ်ပေါက်ရှိတယ်.."
Feng Jie အား မေးလိုက်သည်။
"အဲ့အပေါက်ကနေ အပြင်ကို မြင်ရလား"

"သေသေချာချာတော့ မမြင်ရဘူး "
Feng Jie က ပြန်ဖြေသည်။
"ကျွန်တော် ပြန်နိုးလာတော့ ဂို​ဒေါင်လို နေရာမျိုးမှာပဲ တိုင်တွေ ပစ္စည်းတွေလဲ အများကြီး ထောင်ထားတယ်"

Zhan Zhao က Bai Yutang အား ခေါင်းညိတ်ပြသည်။
"အဲဒါကို ပစ္စည်းတွေ ဖုံးနေလို့ ဟို့နေ့က မမြင်ခဲ့တည ဖြစ်မယ်.."

"ရုတ်တရက် မီးလင်းလာတော့ လူဝင်လာတာ သိပြီး ကျွန်တော် လှမ်းခုန်လိုက်ပေမဲ့ ချက်ချင်းပဲ မီးပြန်ပိတ်သွားတယ်... ပြီးတော့ ပြီးတော့..  ကျွန်တော် သရဲကို တွေ့လိုက်တယ်..."

Ma Han နှင့် Zhao Hu က Feng Jie ပြောသည့် သရဲဆိုသည်ကို နားလည်လိုက်သည်။ ထိုနေ့က Lu Yan မှ သရဲအဖြစ် ဟန်ဆောင်ကာ ပရိုဂျက်တာတွင် အရုပ်ပေါ်နေခြင်း...သို့သော် ကံမကောင်းသော Feng Jie က မြင်ခဲ့ရ​ခြင်းဖြစ်မည်။

"ပြီးတော့ရော.."
Bai Yutang က ပြုံး၍ ဆက်မေးသည်။
"မင်းကို ပြန်သယ်သွားတော့ မင်းက အသံမထွက်ဘူးလေ.. မကြောက်ဘူးလား.."

Feng Jie ၏ မျက်နှာက ဖြူရော်ရော် ဖြစ်နေကာ စိတ်ပျက်ပျက်နှင့် ခေါင်းညိတ်သည်။
"ဟို.. ကျွန်တော်နိုးတော့ ဟိုအခန်းထဲ ရောက်နေတယ်လေ.. "
Feng Jie က သိမ်းငှက်ဘုရင် ရုပ်တုသိမ်းထားသော အခန်ူထဲသို့ မေးဆတ်ပြသည်။
"အပြင်မှာ လူသံတွေကြားလို့ အကူအညီတောင်းဖို့ အပြင်ထွက်လာတာ.."

ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲများကိုတော့ အားလုံးက သိကြလေသည်။ Feng Jie စကားဆုံးတော့ အားလုံးက ဝိုင်းရယ်ကြသဖြင့် သူ ဘာလုပ်ရမှန်း မသိတော့ပေ။

Gongsun က Bai Yutang ကိုပြောသည်။
"မနေ့က Tanaka ရဲ့ အလုပ်ခန်းထဲမှာ ဓာတ်ဆီပီပါတွေ ငါ တွေခဲ့တယ် ။ ဖြစ်နိုင်တာက Morris ကို သတ်ပြီး Tanaka ရဲ့ အလုပ်ခန်းတစ်ခုလုံးကို မီးရှို့ပစ်မလို့ပဲ.. "

ထို့နောက် သူ့လက်ညိုးက Feng Jie ကို ညွှန်ပြနေသည်။
"သေ ချာတာကတော့ သူ လုံးဝ မလွတ်ဘူး.."

"ဘာရယ်..."
Feng Jie က ဒေါသတကြီး ထရပ်သည်။
"သူ တို့ လူသတ်ဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်သိတယ်..."
Feng Jie က ပြန်ထိုင်ချလိုက်ပြီး ခေါင်းငုံ့ထားသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now