ချစ်ခြင်းမဲ့အမုန်းသစ္စာ(part51)

42 7 0
                                    

ညစာစားသောက်ပြီးတော့ဇိုင်းတို့ချစ်သူ၂ဦးခြံထဲမှာအညောင်းညာပြေလမ်းဆင်းလျှောက်လေသည်။

''ဇိုင်းငါ့ကိုပြောပြဖို့မေ့နေလားး''လွန်းကဇိုင်းအရှေ့ကိုရောက်လာပြီးလက်လေးနောက်ပစ်ကာမေးလာသည်။

''ကိုမမေ့ပါဘူးလွန်း...ကိုအမှန်တိုင်းပြောမယ်ဆိုမင်းစိတ်ဆိုးမှာလား''

''ရှင့်ကိုထိခိုက်စေမယ့်အရာဆိုလွန်းစိတ်ဆိုးရလိမ့်မယ်ဇိုင်း..ပြောပါအုန်းဘာတွေများကြံစည်နေပြန်တာလဲ''

လွန်းကဇိုင်း၏အကြောင်းကိုသိနေသူပီပီတည့်ဘဲမေးလိုက်လေသည်။

လွန်းမျက်နှာတည်နဲ့ကြည့်နေတာကြောင့်ဇိုင်းခပ်တည်တည်ပင်''ကိုဒယ်ဒီတို့အတွက်လက်စားချေဖို့ဒီကိုပြန်ရောက်လာခဲ့တာ''

''ငါထင်တယ်...နင်အကြောင်းရှိလို့မြန်မာပြည်ကိုပြန်လာတာ...ဇိုင်းရယ်.ဘာလို့အမုန်းတရားတွေကိုဖက်တွယ်ထားနေရတာလဲ...နင်နိုင်ငံခြားထွက်သွားတာပြောင်းလဲသွားပြီးထင်နေခဲ့တာနင်ကအခုချိန်ထိအမုန်းတရားကိုချစ်မြတ်နိုးတုန်းပါဘဲလား...''

''ငါအမုန်းတရားတွေကိုလွှတ်ချချင်တယ်ဒါပေမယ့်ငါ့ကိုမုန်းအောင်လုပ်တဲ့သူတွေကိုသတ်ပစ်ပြီးမှငါအဲအမုန်းတရားတွေကိုလွှတ်ချမှာလွန်း..''

''ဇိုင်းနင်ပူလောင်နေတာငါမြင်ရတာစိတ်မချမ်းသာလိုက်တာဟာ..ဖြစ်နိုင်ရင်နင့်ရဲ့လက်စားချေမှုတွေကိုရပ်တန့်လိုက်ပါတော့...''

''လွန်း!!!ငါပြောပြီးပြီးလေ...ငါ့အမုန်းတရားတွေကိုရန်တန့်ဖို့ဆိုတာသူတို့အသက်တွေကိုစတေးမှရမယ်...''ဇိုင်းပုံစံကတဖြည်းဖြည်းဒေါသထွက်လာလေသည်။

''ဒါပေမယ့်...''

''ကိုဒီနေ့မင်းနဲ့စကားပြောရတာအဆင်မပြေဘူးထင်တယ်လွန်း...ကိုသွားအိပ်တော့မယ်good night  Loon ''

ဇိုင်းသူမကိုနှုတ်ဆက်ပြီးအပေါ်ထပ်ကိုတက်လာခဲ့လေသည်။

မေတစ်ယောက်ညကတည်းကလိုင်းပေါ်ကကိုယ်လူချောဇိုင်းကိုစောင့်နေမိသည်။

ဇိုင်းဆိုတဲ့လူကမေ့ဘ၀ကိုပြောင်းလဲသွားစေမယ့်သူဆိုတာမေယုံကြည်နေတယ်...

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာTahanan ng mga kuwento. Tumuklas ngayon