ချစ်ခြင်းမဲ့အမုန်းသစ္စာ(part7)

57 8 0
                                    

ရွှေတိုက်မင်းရဲ့မယားကြီးကလာပြီးသောင်းကျန်းသွားသည်ဟုအိမ်အစေခံများကတော်၀င်နဲ့ပိုးအားတိုင်ကြားလေသည်။

ဟေသာဘယ်မှာလဲမေးတော့ထွက်သွားပြီးဟုသာဆိုကြလေသည်။

''တောက်!!!ရွှေတိုက်မင်း..ရွှေတိုက်မင်းငါ့မိသားစုကိုဒုက္ခပေးချင်လွန်းလို့usကမင်းမယားကိုပါစစ်ကူခေါ်တယ်ပေါ့...တော်၀င်မဟာဆိုတဲ့ကောင်ကမင်းထင်သလိုအညံ့တရလူစားတော့မဟုတ်ဘူး...ပိုးကိုဟေသာ့ကိုသွားရှာလိုက်မယ်''

''ကိုဂရုစိုက်ပါနော်...''ခင်ပွန်းသည်ကဒေါသကြီးသည်။ပိုးဘာဆက်လုပ်ရမလဲ...အခုချိန်မှာယောဠိရှိရင်သိပ်ကောင်းမှာဘဲ...

''ကိုရွှေတိုက်မင်း...ဒါကဘယ်လဲ''

နန်းတိမ်ရွှေလွှာအိမ်ထဲ၀င်လာသည်နှင့်ချက်ချင်းဧည့်ခန်းထဲကထွက်သွားဖို့လုပ်သောခင်ပွန်းသည်အားမေးလိုက်သည်။

''မင်းရဲ့တောက်မျက်နှာကိုမမြင်ချင်လို့ကွ...''

''ရှင့်မယားဘဲလေမျက်နှာမြင်ရတာဆန်းသလား...ဒါနဲ့ဟိုမယားငယ်မလဲမတွေ့ပါလားကျမကိုကြောက်လို့ထွက်ပြေးသွားပြီးထင်ရဲ့''ရွှေလွှာ့စကားကြောင့်ရွှေတိုက်မင်းသူမပခုံး၂ဖက်ကိုဆုတ်ကိုင်ဖိညစ်ကာ

''မင်းဟေသာ့ကိုဘာတွေပြသာနာရှာလိုက်တာလဲ...''

''အာ့...နာတယ်..ငါအသားကိုမထိနဲ့နင့်လိုလူကိုငါရွံတယ်ရွှေတိုက်မင်း...မယားငယ်မကိုငါပြသာနာသွားရှာတာမဟုတ်ဘူး..အဆင့်သိဖို့ဘောင်ကျော်မလာဖို့ဆုံးမပေးလိုက်တာ...''

''တောက်!!!...ပိုးခက်ဟေသာကမင်းအနိုင်ကျင့်ဖို့အတွက်ပြသာနာရှာဖို့အတွက်ငါခေါ်လာတာမဟုတ်ဘူး..ငါ့မိန်းမပိုးခက်ဟေသာကိုမင်းထိဖို့မကြိုးစားနဲ့...''

ရွှေတိုက်မင်းစကားကြောင့်နန်းတိမ်ရွှေလွှာဒေါသတို့ထွက်လာလေသည်။

''ပိုးမြချစ်ကိုမရတော့ညီမဖြစ်သူပိုးခက်ဟေသာကိုအပိုင်ယူတယ်..ရှင်မှာဘာတွေများကြံစည်ထားသေးလဲဟမ်း...ကျမအခုလိုရှင့်ဘေးနားပြန်ရောက်လာတော့ရှင့်ရဲ့လွတ်လပ်မှုတွေပိတ်ပင်သွားမှာစိုးလို့လားကွယ့်...စိတ်မပူပါနဲ့ကျမလည်းရှင်လို့ယောကျာ်းမျိုးနဲ့အတူတူမနေပါဘူး...ပိုးခက်ဟေသာကိုရှင်းနိုင်တဲ့တနေ့ကျရင်ကျမရှင့်ကိုကွာရှင်းပေးမှာပါ...ဟားဟားဟား''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now