ချစ်ခြင်းမဲ့အမုန်းသစ္စာ(part68)

89 8 0
                                    

မားလန်၏ဖိတ်ခေါ်မှုကြောင့်ဇိုင်းနဲ့လွန်းတို့ဘန်ကောက်ကိုရောက်လာခဲ့လေသည်။

မားလန်ကသူ့ရဲ့ချွေးမချောလေးလွန်းကိုမြင်သည်နှင့်ပွေ့ဖက်နမ်းရှိုက်ကာနှုတ်ဆက်လေသည်။

''မားရဲ့ချွေးမလေးကသူလား''

ထိုင်းအသံနဲ့မပီမသပြောလာသောဇိုင်းရဲ့မွေးစားမိခင်ကြောင့်လွန်းပြုံးလိုက်မိသည်။

''မားလန်စ၀ပ်ဒီခပ်...''

''သမီးလေးကထိုင်းစကားပြောတတ်တာလား...''

''နည်းနည်းပါးပါးပါမား...''

''တော်လိုက်တာ...သမီးနာမည်က''

''တောက်ပလွန်းသူပါမားလန်...''

''ထောင်..ပလွန်သူလား''
မြန်မာစကားမပီတာကြောင့်လွန်းနာမည်ကတခြားအသံထွက်ဖြစ်သွားသည်ကိုဇိုင်းကအသံတိတ်ရယ်လေသည်။

''ဟုတ်ကဲ့...''မားလန်ကတော့ချွေးမလေးကိုတွေ့ပြီးဇိုင်းကိုမေ့နေလေပြီး

ဇိုင်းတစ်ယောက်မျက်နှာကြီးမဲမှောင်နေလေပြီးသူ့ကိုချစ်လှချည်ရဲ့ဆိုတဲ့မားလန်ကလွန်းကိုအာလူးဖုတ်နေတာနဲ့သူ့ကိုမေ့လျော့လေသလား..ချောင်းဟန့်လိုက်တော့မားသားကြီးကအခုမှဇိုင်းဘက်ကိုလှည့်လာလေသည်။

''သားလေး..အမယ်လေးမားသားလေးလွမ်းနေရတာကွယ်လာပါအုန်း''

''မားကအခုမှကျနော့်ကိုသတိရတာပါနော်..''

''မဟုတ်ရပါဘူးsweetyလေးရယ်...မားချစ်ဆုံးကိုမားနေ့တိုင်းလွမ်းနေရတာပေါ့ကွယ်...လာပါအုန်းဖက်ထားချင်လို့...''ဇိုင်းအားလာဖက်သောမားလန်ကိုဇိုင်းရီပြီးပြန်ဖက်လိုက်လေသည်။

''မားလန်နေကောင်းတယ်နော်..ကျနော်မြန်မာပြည်မှာဖြေရှင်းရတဲ့ပြသနာတွေများနေလို့မားဆီဖုန်းမဆက်ဖြစ်တာ...''

''အိုး..ဘေဘီမားအဲကိစ္စတွေကိုသိပြီးပြီး...သားလေးဘာမှမပူနဲ့မားကိုယ်တိုင်ဖြေရှင်းပေးမယ်...သားဘက်မမှားတာကိုဘယ်တော့မှထောင်ထဲ၀င်စရာမလိုဘူး..မားသက်သေလိုက်ပေးမယ်..သားမြန်မာပြည်မှာအေးဆေးနေရအောင်မားလုပ်ပေးမယ်ဟုတ်ပြီးလားသားလေး...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now