ချစ်ခြင်းမဲ့အမုန်းသစ္စာ(part58)

47 8 0
                                    

''ဇိုင်းလွန်းဒီနေ့ရှင်နဲ့အတူcompanyကိုလိုက်ခဲ့မယ်နော်..''

ဇိုင်းပြင်ဆင်နေချိန်လွန်းကအခန်းထဲ၀င်လာလေသည်။

သူမကအခုလို၀တ်လိုက်တော့လည်းခေတ်ဆန်သားဘဲ...ဇိုင်းငေးမောနေတာကိုလွန်းကရယ်ပြီး''ဇိုင်းလွန်းကိုအဲလောက်စိုက်ကြည့်နေတာလွန်းမနေတတ်တော့ဘူး...''

ဇိုင်းသတိ၀င်လာတော့သူမကပြုံးစိစိနဲ့''မင်းဒီနေ့အရမ်းလှတယ်လွန်း...''

''လွန်းကဒီနေ့ဘဲလှတာလားကျန်တဲ့နေ့တွေရောမလှဘူးလား''

ရစ်စိန်လေးလွန်းကတော့စပြီးရစ်ပါပြီ

''ဟားဟား..ကို့ရဲ့ရစ်စိန်လေးကကို့အပေါ်ဆိုအမြဲတမ်းရစ်ဖို့ဘဲတွေးနေတာလားဗျာ...''

''ရစ်နေလို့လား...တကယ်ဘဲ...တော်ပြီးဘာမှမပြောတော့ဘူး''ဇိုင်းစနောက်လိုက်လို့စိတ်ဆိုးသွားပုံလေးကိုသဘောကျကာသူမပါးလေးကိုနမ်းရှိုက်လိုက်သောဇိုင်း

''ဟာ...ဇိုင်းဘာလို့နမ်းတာလဲ...အကျင့်မကောင်းဘူးညစ်ပတ်ကြီး''

''မညစ်ပတ်ပါဘူးကိုရေချိုးထားတယ်လေလွန်းရဲ့...ဒီမှာမွှေးကြည့်ကို့ချစ်ဆုံး''

လွန်းကဇိုင်းရဲ့ပါးကိုဖွဖွရိုက်လိုက်ရင်း''စမနေနဲ့တော့နောက်ကျနေပြီးကိုကိုဇိုင်း...''

''မိန်းမကို့ကိုအာဘွားလေးမပေးရတာကြာနေပြီးတခါလောက်တော့နမ်းပါလားဟင်...''

''မနမ်းပါဘူး''

''ဒီနေ့အလုပ်ကများတယ်...စွမ်းအင်တွေလိုအပ်တယ်အာဘွားလေးပေးပါနော်...''

''မွ💋💋💋''

''တစ်ဖက်ထဲမရဘူးလေ..ဒီဘက်ပါ..''

လွန်းမျက်စောင်းထိုးလိုက်ရင်းဇိုင်းပါးတစ်ဖက်ကိုထပ်နမ်းလိုက်လေသည်။.

''ရပြီး...''

''မပြီးသေးဘူးလေ..ကိုကျန်သေးတယ်ကိုနမ်းအုန်းမယ်...''

''မရ...အွန့်...''ရုတ်တရက်နှုတ်ခမ်းအားဖိကပ်နမ်းလိုက်သောဇိုင်းကြောင့်လွန်းတားချိန်ပင်မရတော့ဘဲသူ့ရဲ့အနမ်းတွေကြားနောက်ထပ်တဖန်ဆင်းသက်လာခဲ့ပြန်သည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now