ချစ်ခြင်းမဲ့အမုန်းသစ္စာ(part63)

47 7 0
                                    

မြို့ထဲမှာတော့သူဌေးကြီးဦးသောတမင်း၏သမီးငယ်စျာပနပွဲနေ့ပင်

မုန်းစစ်မြေချစ်ရတဲ့ညီမလေးကိုအခေါင်းအပြင်ကနေအသက်မဲ့သောမျက်လုံးများနဲ့ကြည့်နေခဲ့သည်။

''ညီမလေးရယ်...ကိုစစ်တောင်းပန်ပါတယ်..''

တိမ်ရာဇာမင်းတစ်ယောက်၀တီဆုံးပြီးဆိုတဲ့သတင်းကြားတော့ချက်ချင်းမြန်မာပြည်ကိုပြန်လာခဲ့လေသည်။

''၀တီ!!!''

အခေါင်းတလားဘေးမှာထိုင်နေသောစစ်ပုခုံးကိုကိုင်လှုပ်ကာ''စစ်..၀တီဘယ်လိုဖြစ်ရတာလဲ...''

''ညီမလေးနှလုံးရှော့ဖြစ်ပြီးဆုံးသွားတာ...''

''ဘာ...၀တီမှာနှလုံးရောဂါရှိနေတာလား''

ဒိဿရကစစ်တို့ဘေးနားကိုရောက်လာပြီး''ကိုရာဇာ..မေကနှလုံးရှော့ဖြစ်ပြီးသေတာမဟုတ်ဘူး...သူ့ချစ်သူဇိုင်းသတ်လို့သေသွားတာ''

''ဘာဇိုင်း..အဲကောင်၀တီကိုနာကျင်မှုတွေထပေးခဲ့တာလားး...တောက်!!ဇိုင်း...ငါမရှိတုန်း၀တီကိုနာကျင်အောင်လုပ်ပြီးသတ်ခဲ့တယ်ပေါ့...အဲကောင်ကိုငါ၀တီအတွက်ပြန်ပြီးလက်စားချေမယ်...''

တိမ်ရာဇာမင်းဇိုင်း၏အကြောင်းကိုတစ်စွန်းတစ်စကြားဖူးသည်။

*ဇိုင်းမင်းကငါလျော့တွက်လို့မရတဲ့ထဲမှာပါတယ်...မင်းငါချစ်ရသူကိုထိရဲတယ်ဆိုတော့ငါမင်းကိုသတ်ပစ်ဖိူ့လုပ်ရတော့မယ်ထင်တယ်ဇိုင်း...*

စျာပနာပွဲမှာဦးသောတမင်းထံသို့ဖုန်း၀င်လာခဲ့သည်။

''ဟယ်လို..''

''.......''

''ဗျာ...ခင်သစ္စာနှိုင်းမြို့ပြင်ကကာစီနိုရုံမှာသေဆုံးနေတာတွေ့ရတယ်....''

''........''

''ဟုတ်..ဟုတ်ကဲ့..ကျနော်အဲကိုအခုချက်ချင်းဘဲလာခဲ့ပါ့မယ်..''

ဒိဿရခင်သစ္စာနှိုင်းနာမည်ကြားတော့''ဦးလေး...ခင်ဘာဖြစ်လို့လဲ...''

''ခင်သစ္စာနှိုင်းမနေ့ညကတည်းကကာစီနိုရုံထဲမှာသေနတ်မှန်ပြီးဆုံးသွားတယ်တဲ့...အခုသတင်းမီဒီယာတွေမရောက်ခင်ငါသွားမှဖြစ်မယ်''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now