ချစ်ခြင်းမဲ့အမုန်းသစ္စာ(part4)

62 9 0
                                    

၅နှစ်ခန့်ကြာသော်

''ယောဠိ..ယောဠိထတော့လေကွာဟေသာနောက်ကျနေပြီး''

မျက်နှာပေါ်မှာအမွှေးမျှင်များမရိပ်ဘဲထားတာကြောင့်အလွန်ကြည့်ရဆိုးနေသည်။

သို့သော်ဟေသာမျက်လုံးထဲမှာတော့ယောဠိကအခုထိချစ်ဖို့ကောင်းဆဲပင်

အလိုမကျနေသောမျက်လုံးတို့ဖြင့်သူမအားလှမ်းကြည့်လာသောယောဠိ''မင်းကိုငါဘယ်၂ခါပြောရမလဲပိုးခက်ဟေသာငါ့အခန်းထဲကိုငါ့ခွင့်ပြုချက်မရှိဘဲ၀င်မလာပါနဲ့..အခုထွက်သွားစမ်း...''

''ယောဠိရယ်..ဟေသာတို့ကမကြာခင်လက်ထပ်တော့မယ်သူတွေဘဲဘာတွေစိတ်အလိုမကျဖြစ်ရပြန်တာလဲ''

''မင်းပြောမဂ်လာပွဲကငါ့စိတ်သဘောထားနဲ့လုပ်ခဲ့တာမဟုတ်ဘူး...မင်းကိုငါမချစ်ဘူးပိုးခက်ဟေသာငါချစ်တာမြင့်မိုရ်ယှဥ်ကိုဘဲကွ...''

''ယောဠိပေလွှာ..ဘာလို့အဲမိန်းမနာမည်ကိုဘဲပြောနေရတာလဲ..ဟေသာဘက်ကိုဘာလို့လှည့်မကြည့်ပေးရတာလဲ..ဟေသာရှင့်ကိုသိပ်ချစ်ခဲ့တာလေ..ရှင်ဟေသာအချစ်တွေကိုမြင်လှည့်ပါအုန်း...''

''ဟက်!!!အချစ်..ချစ်တယ်..ငါ့ဘ၀မှာမင်းကြောင့်အချစ်တွေမရှိတော့ဘူးပိုးခက်ဟေသာမင်းကြောင့်ငါအချစ်တွေကအမုန်းတရားတွေဖြစ်သွားပြီးကွနင်သိလား..ဟမ်းမြင့်မိုရ်ယှဥ်ကိုငါ့ဘ၀ထဲကနေဆွဲထုတ်ခဲ့တာနင့်ကိုငါအရမ်းမုန်းတယ်ကွ..မုန်းတယ်...''

''မဟုတ်ဘူး..မဟုတ်ဘူး..အဲလိုမပြောနဲ့...အား...''

အရူးတစ်ယောက်လိုအခန်းပြင်သို့အော်ငိုပြီးပြေးထွက်သွားသောပိုးခက်ဟေသာအားယောဠိတစ်ယောက်မကျေမနပ်နဲ့တောက်ခေါက်လိုက်လေသည်။
''တောက်!!!''

''မာမီ..တီလေးဘာဖြစ်လို့လဲဟင်''အိမ်ပေါ်ထပ်ကနေငိုယိုပြီးပြေးဆင်းလာသောဟေသာ့အားကြည့်ပြီးသားကြီးနေတော်၀င်ကမေးလာသည်။

''သားတီလေးနဲ့ဦးငယ်တို့ရန်ဖြစ်ကြပြန်ပြီးထင်ပါတယ်...ဟင်း''

တော်၀င်စံအိမ်တော်ကလွန်ခဲ့တဲ့၅နှစ်ကတည်းကသာယာပျော်ရွှင်မှုဆိုတာမရှိတော့လောက်အောင်စိမ်းသက်မှုအမုန်းတရားတွေကကြည်းစိုးလာခဲ့သည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now